ကလောမြို့နယ်၌ သမ၀ါယမအသင်းလီမိတက်မှ မိုးစပါးစိုက်ပျိုးထားရှိမှုအခြေအနေအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
ကလောမြို့နယ်၌ သမ၀ါယမအသင်းလီမိတက်မှ မိုးစပါးစိုက်ပျိုးထားရှိမှုအခြေအနေအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
Ministry of Cooperatives and Rural Development/ Naypyitaw / September 23, 2025
ကလော စက်တင်ဘာ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၊ ၀ါးရုံပင်ကျေးရွာအုပ်စု၊ ၀ါးရုံပင်ကျေးရွာရှိ စီမံကိန်းသီးနှံ(သက်တန့်ရောင်စီမံကိန်း)စိုက်ပျိုးလျက်ရှိသည့် ရွှေရင်အေးစိုက်ပျိုးရေးနှင့် အထွေထွေ လုပ်ငန်းသမ၀ါယမအသင်းလီမိတက်မှ မိုးစပါးစိုက်ပျိုးထားရှိသည့် စိုက်ကွင်းအမှတ်(၂) အခြေအနေ အား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်နှင့် တာဝန်ရှိသူများက အသင်းမှလိုအပ်သည့် ငွေကြေးအရင်းအနှီးနှင့် သွင်းအားစုများ ပြတ်လပ်မှုမရှိစေရေးအတွက် သက်ဆိုင်ရာမြို့နယ်သမဝါယမအသင်းစုနှင့် ချိတ်ဆက်ဆောင်ရွက် ပေးခဲ့ပြီးသမဝါယမကဏ္ဍမှ စီမံကိန်းသီးနှံစိုက်ပျိုးထုတ်လုပ်မှု၊ ရောင်းဝယ်မှု၊ ကြိတ်ခွဲဖြန့်ဖြူးမှု လုပ်ငန်းစဉ်များ အောင်မြင်အောင်ဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။
ကျော်ဝင်း(ကလော)
