ကာကွယ်ရေးနည်းလမ်းများဆိုင်ရာ အသိပေးကြေညာချက်
ကာကွယ်ရေးနည်းလမ်းများဆိုင်ရာ အသိပေးကြေညာချက်
Ministry of Information/ နေပြည်တော် / April 08, 2020
COVID-19 ကူးစက်မြန်ရောဂါကိုကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းတွေကတော့-
- နေထိုင်သွားလာရာတွင် လူတစ်ဦးနှင့်တစ်ဦး အနည်းဆုံး သုံးပေအကွာ ခပ်ခွာခွာရှိနေစေရန် သတိပြုပါ။
- လက်ကို စနစ်တကျဆေးပါ၊ မကြာခဏဆေးပါ၊ သတိရတိုင်းဆေးပါ။
- တတ်နိုင်သလောက် မိမိလက်နဲ့မျက်နှာကိုမထိတွေ့စေဖို့ သတိပြုပါ။
- နှာချေလျှင်၊ ချောင်းဆိုးလျှင် နှာခေါင်းနှင့်ပါးစပ်တို့ကို တစ်ရှူးဖြင့်အုပ်၍ဆိုးပါ။ တစ်ရှူးမရနိုင်ပါက လက်မောင်း၊ တံတောင်ကွေးကို အသုံးပြုပါ။
- မိမိပတ်ဝန်းကျင်၊ အိမ်၊ အလုပ်နေရာများတွင် သန့်ရှင်းရေးကို စနစ်တကျပုံမှန်ပြုလုပ်ပါ။ သန့်ရှင်းရေးပြုလုပ် နေစဉ် လေဝင်/လေထွက်ကောင်းအောင် ဆောင်ရွက်ထားပါ။
- မျှတသော အာဟာရကို ရွေးချယ်စားသုံးပါ။
- အိပ်ချိန်လုံလောက်စွာ အိပ်စက်အနားယူကြပါရန် အသိပေးနှိုးဆော်အပ်ပါတယ်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန