ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများ ပြည်ပမှ အဆင်ပြေချောမွေ့စွာတင်သွင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ

ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများ ပြည်ပမှ အဆင်ပြေချောမွေ့စွာတင်သွင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ


Ministry of Information/ Naypyitaw / June 25, 2022
image_latest


နေပြည်တော် ဇွန် ၂၅

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ဇွန် (၁) ရက်မှ (၂၅) ရက်အတွင်း ကုမ္ပဏီ(၈) ခု၊ယာဉ်စီးရေ (၂၀) ဖြင့် အောက်ဆီဂျင် Storage Tank (၂)ခု ၊ အောက်စီဂျင်(အိုးခွံ) (၁၀၀၀)၊ Covid Test Kit (၃၀၀)၊ PPEဝတ်စုံ (၁၀၁၁၅၀)၊ နှင့် Disposable Face Mask (၅၁ ဒသမ ၄၆) တန်တို့တင်သွင်းခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို သက်ဆိုင်ရာဌာနများနှင့်ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေးလျက်ရှိကြောင်းနှင့် ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများတင်သွင်းခြင်းနှင့် ဆက်စပ်သည့် အသိပေးကြေညာချက်များကိုလည်း အများပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။

(သတင်းစဉ်)

HOT NEWS
January 4,