ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအတွက် ငွေကြေးအထောက်အပံ့ပေးသည့် (MCCT) အစီအစဉ်တွင် အသုံးပြုမည့် ငွေကြေးလွှဲပြောင်းခြင်းဆိုင်ရာ ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကျင်းပ

ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအတွက် ငွေကြေးအထောက်အပံ့ပေးသည့် (MCCT) အစီအစဉ်တွင် အသုံးပြုမည့် ငွေကြေးလွှဲပြောင်းခြင်းဆိုင်ရာ ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကျင်းပ


Ministry of Information/ ​နေပြည်တော် / December 06, 2019
image_latest


နေပြည်တော် ဒီဇင်ဘာ ၆

ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေး သူငယ်များအတွက် ငွေကြေး အထောက်အပံ့ပေးသည့်(MCCT) အစီအစဉ်တွင် အသုံးပြုမည့် ငွေကြေးလွှဲပြောင်းခြင်းဆိုင်ရာ ဝန်ဆောင်မှုပေးသူများ၏ တာဝန်နှင့် ဝတ္တရားများအား ရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မိမိတို့ဝန်ကြီး ဌာနအနေနှင့် အမျိုးသားအဆင့် လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာစီမံချက်ကို အခြေခံ၍ အဓိက အစီအစဉ် (၈)ခုကို အဆင့်လိုက် အကောင်အထည်ဖော်‌ ဆောင်ရွက်လျက် ရှိပါကြောင်း၊ ၂၀၁၇ ခုနှစ်တွင် အာဟာရနှင့် ကျန်းမာရေးဆိုင်ရာနှင့် ဆင်းရဲမှုအခြေအနေ အညွှန်းကိန်းများ မြင့်မားနေသော ချင်းပြည်နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂) နှစ်အောက် ကလေးသူငယ်များအတွက် ငွေကြေးအထောက် အပံ့ပေးသည့် (MCCT) အစီအစဉ် စတင် အကောင်အထည်ဖော်ခဲ့ပြီး၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသနှင့် ရခိုင်ပြည်နယ်တို့တွင် တိုးချဲ့ ဆောင်ရွက်ခဲ့ပါကြောင်း၊ ကရင်ပြည်နယ်နှင့် ကယားပြည်နယ်သို့ တိုးချဲ့ဆောင်ရွက်ခဲ့ပြီး ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးသို့ တိုးချဲ့ဆောင်ရွက်မည် ဖြစ်ပါကြောင်း။

ထို့အပြင် သက်ကြီးရွယ်အို ဘိုးဘွားများအား ထောက်ပံ့သည့် လူမှုရေးပင်စင် ထောက်ပံ့ခြင်း ကိုလည်း မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၎င်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ငွေကြေးထောက်ပံ့ခြင်းလုပ်ငန်းနှင့် အသိပညာပေးသည့် လုပ်ငန်းများကို ပူးတွဲ၍ ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ ငွေကြေးထောက်ပံ့သည့် လုပ်ငန်း တွင် လူမှလူသို့ထောက်ပံ့သည့် စနစ်ကို ကျင့်သုံးခဲ့ပြီး ယခုအခါ အကျိုးခံစားသူအရေအတွက် များပြားလာပြီဖြစ်သောကြောင့် Electronic စနစ်ဖြင့် ငွေကြေးထောက်ပံ့သည့် စနစ်ကို ပြောင်းလဲအသုံးပြုရန် လိုအပ်လာပြီဖြစ်ကြောင်း၊ ထိုသို့ Electronic စနစ်ဖြင့် ငွေကြေး ထောက်ပံ့ရာတွင် ဝန်ဆောင်မှုပေးမည့်သူများအနေဖြင့် စီးပွားရေးလုပ်ငန်း သပ်သပ် အနေဖြင့် မရှုမြင်ဘဲ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးကို တစ်ထောင့်တစ်နေရာကနေ ပါဝင်ကူညီ ဆောင်ရွက်ခွင့်ရသည်ဟုယူဆပြီး Corporate Social Responsibility ၏ အစိတ်အပိုင်း တစ်ခုအဖြစ်လည်းကောင်း သို့မဟုတ် အနည်းဆုံးသော ဝန်ဆောင်ခဖြင့် လည်းကောင်း စဉ်းစားဆောင်ရွက် ပေးစေလိုပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း ယခုလုပ်ငန်း အပ်နှံရေး ဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုရှိရှိဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး လူမှုဝန်ထမ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေး က ဆောင်ရွက်မည့် လုပ်ငန်းစဉ်နှင့် ပတ်သက်၍ မိတ်ဆက် ဆွေးနွေးသည်။

ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန၊ လူမှုကာကွယ်စောင့်ရှောက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးကျော်လင်းထင်က ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ငွေကြေးလွှဲပြောင်းခြင်းဆိုင်ရာ ဝန်ဆောင်မှုပေးသူများ၏ တာဝန်နှင့် ဝတ္တရားများအား အသေးစိတ်ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာကြသူများက ပြန်လည်ဆွေးနွေးခဲ့ကြသည်။

(သတင်းစဉ်)

 

HOT NEWS
January 4,