ကုန်ဈေးနှုန်းကိုဦးစွာတည်ငြိမ်အောင်ဆောင်ရွက်ပြီး ဥပဒေနှင့်အညီဆောင်ရွက်၍ရသည့်နည်းလမ်းများဖြင့် ကုန်ဈေးနှုန်းကျဆင်းအောင်ဆက်လက်ဆောင်ရွက်သွားမည်

ကုန်ဈေးနှုန်းကိုဦးစွာတည်ငြိမ်အောင်ဆောင်ရွက်ပြီး ဥပဒေနှင့်အညီဆောင်ရွက်၍ရသည့်နည်းလမ်းများဖြင့် ကုန်ဈေးနှုန်းကျဆင်းအောင်ဆက်လက်ဆောင်ရွက်သွားမည်


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / June 19, 2023


ဘားအံ - ဇွန် (၁၉)

ကရင်ပြည်နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့်ကျဆင်းရေးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့်ကျဆင်းရေးကော်မတီဥက္ကဋ္ဌ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကုန်ထုတ်လုပ်မှုစရိတ်များပြား၍ ထုတ်လုပ်မှုနည်းပါးပြီး ဝယ်လိုအားနှင့်ရောင်းလိုအား မျှတမှုမရှိခြင်း၊ ထုတ်ကုန်နည်းပါးပြီး သွင်းကုန်များခြင်း၊ ကုန်သွယ်မှုလိုငွေဖြစ်ပေါ်ခဲ့ခြင်းတို့ကြောင့် ကုန်ဈေးနှုန်းများ မြင့်တက်ခဲ့ရခြင်းဖြစ်ကြောင်း၊ ထုတ်လုပ်မှုကုန်ကျစရိတ်လျော့ချနိုင်ရေး ပြည်ပမှဝယ်လိုအားကိုလျော့ချ၍ ပြည်တွင်း၌ သာ သွင်းအားစုများကို ထုတ်လုပ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ကြဖို့လိုပြီး အခြေခံစားသောက်ကုန်များကို တိုးမြှင့်ထုတ် လုပ်ကြရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမြေများစွာရှိသော်လည်း သီးထပ်စိုက်စွမ်းအားနည်းသည့်အတွက် ထုတ်လုပ်မှုနည်း ပြီး စားသောက်ကုန်ကုန်ဈေးနှုန်း မြင့်တက်နေခြင်းဖြစ်ရာ ပြည်နယ်၏အဓိကသီးနှံ(၁၀)မျိုးကို ပန်းတိုင်ရည်မှန်းချက် ပြည့်မီသည်အထိ စိုက်ပျိုးထုတ်လုပ်ကြစေလိုကြောင်း၊ ကုန်ဈေးနှုန်းကိုဦးစွာတည်ငြိမ်အောင်ဆောင်ရွက်ပြီး ဥပဒေနှင့် အညီဆောင်ရွက်၍ရသည့်နည်းလမ်းများဖြင့် ကုန်ဈေးနှုန်းကျဆင်းအောင်ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည့် အတွက် အားလုံးပူးပေါင်းကူညီဆောင်ရွက်ကြရန်တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးမျိုးမင်းနောင်က သွင်းအားစုများတင်သွင်း ရာတွင် သက်ဆိုင်ရာခရိုင်အလိုက် သက်သာသောဈေးနှုန်းများဖြင့် တင်သွင်းနိုင်ရေး ဆွေးနွေးတင်ပြပြီး ကော်မတီ အတွင်းရေးမှူး ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနညွှန်ကြားရေးမှူးက တရားမဝင်ကုန်သွယ်မှုလုပ်ငန်းများမရှိစေရေး၊ ကုန်စည်များဥပဒေနှင့်အညီလျင်မြန်စွာစီးဆင်းနိုင်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ အဆင့်မြှင့်တင်ရေး၊ ကုန်ဈေးနှုန်းဆိုင်ရာမသမာမှုများနှင့် ဘေးဖြစ်စေနိုင်သောစားသောက်ကုန်ထုတ်လုပ်မှုတိုက်ဖျက်ရေး အစရှိသော ကော်မတီ၏လုပ်ငန်းတာဝန်များကို ရှင်းလင်းတင်ပြကာ ကော်မတီဝင်များက အသား၊ ငါး၊ ဟင်းသီးဟင်းရွက်နှင့် အခြေခံစားသောက်ကုန်ဈေးနှုန်းများ တည်ငြိမ်ကျဆင်းရေးနှင့် အခွန်လွတ်ဈေး(တောင်သူလယ်သမားဈေး) တစ်ပတ်လျှင်နှစ်ကြိမ် ဖွင့်လှစ်ဆောင်ရွက်နိုင်ရေး တင်ပြဆွေးနွေးကြသည်။

ယင်းနောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်လာသော ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့်ကျဆင်းရေးဆိုင်ရာ ဆောင်ရွက်မည့် ကိစ္စရပ်များအား အကြံပြုတင်ပြဆွေးနွေးကြရာ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။

 

HOT NEWS
January 4,