ကော့မှူးမြို့နယ်၌ ကျေးလက်လမ်းလုပ်ငန်း ဆောင်ရွက်နေမှု တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု

ကော့မှူးမြို့နယ်၌ ကျေးလက်လမ်းလုပ်ငန်း ဆောင်ရွက်နေမှု တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု


Ministry of Cooperatives and Rural Development/ Naypyitaw / May 14, 2026
image_latest


ကော့မှူး မေ ၁၂

            ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ရက် (၁၀၀) စီမံချက်ဖြင့် ကော့မှူးမြို့နယ်ရှိ ပျဉ်းကတိုး-ချောင်းဝလမ်း (၀/၂)မိုင်အား မြေကြီးတာပေါင်ဆောင်ရွက်ခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းကတာဝန်ရှိသူများ လိုက်လံကြည့်ရှုစစ်ဆေးသည်။

          ထိုသို့ လိုက်လံကြည့်ရှုရာတွင် ကော့မှူးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးသန်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇင်ဟိန်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(အင်းစိန်)ဦးဝင်းထွန်းနိုင်၊ မြို့နယ်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကျော်သူရ(ကော့မှူး)