ကံမမြို့နယ်ရှိ စစ္စရံ - ပေပင်ကျေးရွာချင်းဆက်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

ကံမမြို့နယ်ရှိ စစ္စရံ - ပေပင်ကျေးရွာချင်းဆက်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး


Ministry of Cooperatives and Rural Development/ Naypyitaw / December 20, 2023
image_latest


ကံမ ဒီဇင်ဘာ ၁၉

              မကွေးတိုင်းဒေသကြီး ကံမမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေကျပ် ၁၂၅ ဒသမ ၆၀၀ သန်းဖြင့် ဆောင်ရွက်သည့် ကံမမြို့နယ်ရှိ စစ္စရံ-ပေပင်လမ်း ဝ ဒသမ ၆၀၃ ကီလိုမီတာကို မြေသား တာပေါင်ချဲ့၍ ကတ္တရာလမ်းခင်းခြင်းနှင့် (၁/၃)မိုင် အမာခံလမ်းပခုံး တည်ဆောက်ခြင်း လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

            အဆိုပါလမ်းပိုင်းကို အဆင့်မြှင့်တင်နိုင်ခဲ့သည့်အတွက် ကျေးရွာလေးရွာမှ ဒေသခံ ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စရပ်များအတွက် ရာသီမရွေးဆက်သွယ် သွားလာနိုင်မည်ဖြစ်သည့်အပြင် ကျေးလက်နှင့်မြို့ပြကွာဟမှု လျှော့ချနိုင်ရေးကိုပါ အထောက်အကူပြုနိုင်မည်ဖြစ်သည်။

             ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ကျေးလက်လမ်းဖွံ့ဖြိုးရေး မဟာဗျူဟာအရ ၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံရှိ ကျေးရွာအားလုံး၏ ၈၀ ရာခိုင်နှုန်းနှင့် နိုင်ငံတွင်းရှိ ကျေးလက်လူဦးရေ၏ ၉၀ ရာခိုင်နှုန်းကို ရာသီမရွေးသွားလာနိုင်သော ကျေးလက်လမ်းများ အသုံးပြုနိုင်ရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

သီဟစည်သူ