ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းနှင့် မသန်စွမ်းကျောင်းများအား ကြည့်ရှုစစ်ဆေးခြင်း
ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းနှင့် မသန်စွမ်းကျောင်းများအား ကြည့်ရှုစစ်ဆေးခြင်း
Commissions & Committees/ yangon / February 17, 2023
၁။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ အဖွဲ့ဝင် ဦးကျော်စိုးနှင့် ဒေါက်တာ သန်းမြင့်တို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ၁၇-၂-၂၀၂၃ ရက်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ မသန်စွမ်းသက်ငယ် သင်တန်းကျောင်း၊ မသန်စွမ်းသက်ကြီး သင်တန်းကျောင်း၊ မသန်စွမ်းကလေးများ ပြုစုစောင့်ရှောက်ရေးဂေဟာနှင့် ကျိုက်ဝိုင်းလူငယ် သင်တန်းကျောင်းတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
၂။ ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် သင်တန်းကျောင်းများအတွင်း လက်ခံစောင့်ရှောက် သင်ကြား ပေးလျက်ရှိသော လူငယ်များနှင့် မသန်စွမ်းကလေးသူငယ်များအား ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေ၊ အစားအစာကျွေးမွေးမှု အခြေအနေ၊ အိပ်ဆောင်များထားရှိမှု အခြေအနေ၊ သန့်ရှင်း သော သောက်သုံးရေရရှိအောင် ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် ပညာသင်ကြားခွင့်၊ မိသားစုနှင့် ပြန်လည်ပေါင်းစည်းခွင့် လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်စသည့် အခြေခံလူ့အခွင့် အရေးများရရှိအောင် ဆောင်ရွက်ပေးနေမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
၃။ ကော်မရှင်ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ မသန်စွမ်းကျောင်းများနှင့် လူငယ်သင်တန်းကျောင်းတို့အား ကြည့်ရှုစစ်ဆေးရေး ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို လိုအပ်သလို ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာသို့ ပေးပို့သွားမည် ဖြစ်ပါသည်။
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်
