ကျိုင်းတုံမြို့၊ အမှတ်(၄)ရပ်ကွက်၊ နွဲ့နောရပ်၊ စွန်တောင်းဘုရားလမ်းသွယ်တွင် နေအိမ်မီးလောင်မှု ဖြစ်ပွား

ကျိုင်းတုံမြို့၊ အမှတ်(၄)ရပ်ကွက်၊ နွဲ့နောရပ်၊ စွန်တောင်းဘုရားလမ်းသွယ်တွင် နေအိမ်မီးလောင်မှု ဖြစ်ပွား


Ministry of Home Affairs/ နေပြည်တော် / August 08, 2022


ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့၊ အမှတ်(၄)ရပ်ကွက်၊ နွဲ့နောရပ်၊ စွန်တောင်းဘုရားလမ်းသွယ်တွင်၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၄ ရက်နေ့၊ ၀၂ ၀၀ အချိန်ခန့်က ပိုင်ရှင် ဒေါ်အားဒေ့၏ (၂၅x၂၀)ပေ၊ သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်း မြေစိုက်(၁)ထပ် နေအိမ်တွင် အိမ်ရှင်၏ မွေးစားသား ဆိုင်ကယ်ပြင်လုပ်ကိုင်သူ ဦးအားကျွေသည် လျှပ်စစ်ရေနွေးအိုး တည်ထားရာမှ မီးပလပ်ခုံအပူလွန်ကဲ၍ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ကျိုင်းတုံခရိုင် မီးသတ်စခန်းများမှ တပ်ဖွဲ့ဝင်များသည် မီးငြိမ်းသတ်ယာဉ်(၄)စီးဖြင့် သွားရောက်၍ မီးငြှိမ်းသတ်ခဲ့ရာ ၀၂ ၂၀ အချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။

အဆိုပါ မီးလောင်မှုကြောင့် မြေစိုက်(၁)ထပ် နေအိမ်(၁)လုံး၊ Dream 125 (တရုတ်) ဆိုင်ကယ်(၁)စီး၊ Super 4(800) ဂျပန်ဆိုင်ကယ်(၁)စီး မီးလောင်ဆုံးရှုံးခဲ့ပြီး နေအိမ်အတွင်း အရက်မူး၍ အိပ်ပျော်နေသူ ဦးအားကျွေ မီးလောင်သေဆုံးခဲ့သဖြင့် မီးပေါ့ဆသူ ဦးအားကျွေအား ကျိုင်းတုံမြို့နယ်ရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။