ကျောက်တံခါးမြို့နယ်၊ ကံကလေးကျေးရွာအနီး သူဌေးကုန်းဘူတာနှင့် ပိန်းဇလုပ်ဘူတာအကြား မိုင်တိုင်အမှတ် ၁၀၄/၀-၁ ကြားရှိ ရထားလမ်းအား PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းထောင် ဖောက်ခွဲဖျက်ဆီး

ကျောက်တံခါးမြို့နယ်၊ ကံကလေးကျေးရွာအနီး သူဌေးကုန်းဘူတာနှင့် ပိန်းဇလုပ်ဘူတာအကြား မိုင်တိုင်အမှတ် ၁၀၄/၀-၁ ကြားရှိ ရထားလမ်းအား PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းထောင် ဖောက်ခွဲဖျက်ဆီး


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / October 28, 2023
PDF အမည်ခံ အကြမ်းဖက်သမားများ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည့် ရထားလမ်းနေရာပြမြေပုံ။


     ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ကံကလေးကျေးရွာအနီး သူဌေးကုန်းဘူတာနှင့် ပိန်းဇလုပ်ဘူတာအကြား  မိုင်တိုင်အမှတ် ၁၀၄/၀-၁ ကြားရှိ ရထားလမ်းအား PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် မန္တလေး-ရန်ကုန်သို့ ထွက်ခွာလာသည့် အမှတ် (၆) အစုန်အမြန်ရထားနှင့် အမှတ် (၄) အစုန်ရထားခရီးစဉ်များ နှောင့်နှေးကြန့်ကြာခဲ့ရကြောင်း သိရသည်။

     ဖြစ်စဉ်မှာ အောက်တိုဘာလ ၂၅ ရက် နံနက် ၁ နာရီခွဲတွင် ကျောက်တံခါးမြို့နယ်၊ ကံကလေးကျေးရွာအနီး သူဌေးကုန်းဘူတာနှင့် ပိန်းဇလုပ်ဘူတာအကြား မိုင်တိုင်အမှတ် ၁၀၄/၀-၁ ကြားရှိ ရထားလမ်းအား PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ PDF အမည်ခံ အကြမ်းဖက်သမားများ၏ မိုင်းထောင်ဖောက်ခွဲခဲ့မှုကြောင့် ရထားသံလမ်း တစ်ပေခွဲခန့်ပြတ်တောက်ခြင်း၊ ဘေးချင်းယှဉ်လျက်ရှိ ရထားလမ်းသစ်မှ သံလမ်းမှာ လေးပေခန့် အပြင်သို့ကားထွက်ခြင်းများ ပျက်စီးနေသည်ကို တွေ့ရှိရသဖြင့် အဆိုပါ လမ်းပိုင်းအားခေတ္တပိတ်ကာ မန္တလေးမှ ရန်ကုန်သို့ထွက်ခွာလာသည့် အမှတ် (၆) အစုန်အမြန်ရထားအား ပဲနွယ်ကုန်းဘူတာတွင်လည်းကောင်း၊ အမှတ် (၄) အစုန်ရထားအား ကညွှတ်ကွင်းဘူတာတွင် လည်းကောင်း ခေတ္တရပ်နားထားခဲ့ရသည်။

     ယင်းသို့ ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ရထားလမ်းများအား မြန်မာ့မီးရထားဝန်ထမ်းများက အမြန်ဆုံးပြုပြင်ဆောင်ရွက်ခဲ့ရာ နံနက် ၈ နာရီ ၁၅ မိနစ်တွင် ပြီးစီးခဲ့သဖြင့် ရပ်နားထားသည့် ရထားများ ပုံမှန်ပြန်လည်ပြေးဆွဲနိုင်ခဲ့ကြောင်း သိရသည်။

     နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူ ခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှု အဆင်ပြေ ချောမွေ့မြန်ဆန်စေရေးအတွက် ရထားလမ်း၊ အခြေခံအဆောက်အအုံများ ပိုမိုကောင်းမွန်လာစေရေး၊ ရထားပို့ဆောင်ရေးစနစ်ကို အဆင့်မြှင့်တင်နေသည့် စီမံကိန်းလုပ်ငန်းများကို ရည်မှန်းချက်ထားရှိ၍ စီမံဆောင်ရွက်ပေးလျက်ရှိသော်လည်း အကြမ်းဖက်သောင်းကျန်းသူများက နိုင်ငံတော်ပိုင် ရထားစက်ခေါင်း၊ တွဲများနှင့် ခရီးသည်များ၊ ကုန်စည်များ ထိခိုက်ပျက်စီးစေရေး၊ ပြည်သူများ အသက်အန္တရာယ်ထိခိုက်ပြီး စိတ်မချမ်းမြေ့စေရေးတို့အတွက်သာမက ရန်ကုန်-မန္တလေး ရထားလမ်းအဆင့်မြှင့်တင်ရေး စီမံကိန်း လုပ်ငန်းများ အချိန်ပိုမိုကြန့်ကြာစေရန် ရည်ရွယ်ချက်များဖြင့် အကြိမ်ကြိမ်ကျူးလွန်နေကြသောကြောင့် ဒေသခံပြည်သူတစ်ရပ်လုံးက ပြင်းထန်စွာဆန့်ကျင် ကန့်ကွက်ရှုံ့ချလျက်ရှိကြောင်း သတင်းရရှိသည်။

HOT NEWS
January 4,