ကျောက်ပန်းတောင်းမြို့နယ် ရေထွက်ကျေးရွာ စိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းသားများ၏ ဝက်မွေးမြူရေးလုပ်ငန်းအခြေအနေအား ကွင်းဆင်းစစ်ဆေး

ကျောက်ပန်းတောင်းမြို့နယ် ရေထွက်ကျေးရွာ စိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းသားများ၏ ဝက်မွေးမြူရေးလုပ်ငန်းအခြေအနေအား ကွင်းဆင်းစစ်ဆေး


Ministry of Cooperatives and Rural Development/ Naypyitaw / February 28, 2024
image_latest


ကျောက်ပန်းတောင်း  ဖေဖော်ဝါရီ  ၂၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် လယ်ယားတောင်ကျေးရွာအုပ်စု ရေထွက်ကျေးရွာ စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းသားများ၏ ဝက်မွေးမြူရေးလုပ်ငန်း အောင်မြင်ဖြစ်ထွန်းနေမှုအခြေအနေများကို ဖေဖော်ဝါရီ  ၂၇ ရက်က သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဇာခြည်အေးမှ ကွင်းဆင်းစစ်ဆေးခဲ့သည်။

အဆိုပါ ရေထွက်ကျေးရွာ စိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းသား များ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားစီးပွားရေးလုပ်ငန်းများဆောင်ရွက်နိုင်စေရန်အတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဘဏ္ဍာရန်ပုံငွေ ကျပ် ၂၀ သန်း ထောက်ပံ့ခဲ့ခြင်းဖြစ်ကြောင်းသိရပြီး အဆိုပါထောက်ပံ့ရန်ပုံငွေဖြင့် အသင်းသား ၂၇ ဦးမှ အသားတိုး ဝက်အကောင်ရေ ၁၀၀ မွေးမြူခဲ့ခြင်းဖြစ်ကြောင်းသိရပြီး အောင်မြင်ဖြစ်ထွန်းနေမှုအခြေအနေ များအား မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)

မန္တလေးတိုင်းဒေသကြီး