ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တွင် အောက်ဖော်ပြပါ ရာထူးနေရာများအတွက်လျှောက်လွှာခေါ်ယူခြင်း

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တွင် အောက်ဖော်ပြပါ ရာထူးနေရာများအတွက်လျှောက်လွှာခေါ်ယူခြင်း


Ministry of Cooperatives and Rural Development/ Naypyitaw / June 23, 2023
image_latest


ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တွင် အောက်ဖော်ပြပါ ရာထူးနေရာများအတွက်လျှောက်လွှာခေါ်ယူခြင်း

၁။         သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တွင် အောက်ဖော်ပြပါ ရာထူးနေရာများ လစ်လပ်လျက်ရှိပါသည်-

            (က)     အငယ်တန်းအင်ဂျင်နီယာ-(မြို့ပြ)ရာထူး                    လစ်လပ်(၁၁၀)နေရာ

                       (လစာနှုန်းကျပ်၁၉၈၀၀၀-၂၀၀၀-၂၀၈၀၀၀)

            ( )     အငယ်တန်းအင်ဂျင်နီယာ-(မြို့ပြ)ရာထူး                    လစ်လပ်(၇၉)နေရာ

                       (လစာနှုန်းကျပ်၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀)

၂။         လျှောက်ထားသူသည်-

                      (က)     ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။

                      (  )    အငယ်တန်းအင်ဂျင်နီယာ-(မြို့ပြ)ရာထူးအတွက်(၃၁--၂၀၂၃ရက်နေ့တွင် အသက် (၃၂)နှစ်နှင့် အငယ်တန်းအင်ဂျင်နီယာ- (မြို့ပြ)ရာထူးအတွက်

                                (၃၁--၂၀၂၃ရက်နေ့တွင် အသက်(၃၀)နှစ်ထက် မကျော်လွန်သူ၊ ဝန်ထမ်းဖြစ်ပါက အသက်(၃၅)နှစ် ထက်မကျော်လွန်သူဖြစ်ရမည်။

                      (  )    အငယ်တန်းအင်ဂျင်နီယာ-၃ရာထူးအတွက် မြို့ပြအင်ဂျင်နီယာဆိုင်ရာဘွဲ့တစ်ခုခု ရရှိသူ ဖြစ်ရမည်။

                      ( )    အငယ်တန်းအင်ဂျင်နီယာ- ရာထူးအတွက် မြို့ပြအင်ဂျင်နီယာဆိုင်ရာဘွဲ့ဒီပလိုမာ တစ်ခုခုရရှိသူဖြစ်ရမည်။

                           (  )     ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။

                           (  )     ဌာနတွင် အနည်းဆုံး()နှစ် ဒေသမရွေးတာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။     

                      ()     ဒေသခံများအားဦးစားပေးစဉ်းစားမည်၊ ဝေးလံဒေသများအတွက် အသက်သတ်မှတ်ချက် အား လျှော့ပေါ့စဉ်းစားမည်။    

                      (  )    အခြားဝန်ထမ်းအဖွဲ့အစည်းများမှ လျှောက်ထားသူများသည် သက်ဆိုင်ရာဝန်ကြီး ဌာန နှင့် အဖွဲ့အစည်းအကြီးအမှူး၏ ခွင့်ပြုချက်ဖြင့် လျှောက်ထားရမည်။

၃။         တိုင်းဒေသကြီးပြည်နယ်အလိုက် ဝန်ထမ်းသစ်ဖြည့်တင်း ခန့်ထားမည့် ဒေသများအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန Website www.drdmyanmar.org နှင့် သက်ဆိုင်ရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးများတွင် ဖော်ပြကြော်ငြာထားမည် ဖြစ်ပါသည်။

၄။         လျှောက်လွှာတွင် အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ မွေးသက္ကရာဇ်၊ လူမျိုး နှင့် ကိုးကွယ်သည့် ဘာသာ၊ ပညာအရည်အချင်းနှင့် အောင်မြင်သည့်ခုနှစ်၊ မိဘအမည်၊ နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ်နှင့် ၎င်းတို့၏ အလုပ်အကိုင်၊ ဝန်ထမ်းဖြစ်လျှင် လက်ရှိရာထူး၊ လစာနှုန်း နှင့် ဌာနအမည်၊ ပြင်ပပုဂ္ဂိုလ်များအတွက် အလုပ်သမားမှတ်ပုံတင်အမှတ်၊ နေ့စွဲနှင့် အလုပ်သမား ရုံးအမည်၊ ဆက်သွယ်ရန်လိပ်စာ၊ ဆက်သွယ်ရန်တယ်လီဖုန်းနံပါတ် အမြဲတမ်းလိပ်စာ အပြည့်အစုံ တို့ကို ဖော်ပြရမည်။

၅။        လျှောက်လွှာနှင့်အတူ အောက်ပါတို့ကို ပူးတွဲပေးပို့ရမည်-

            (ကဘွဲ့လက်မှတ်မိတ္တူ(မိတ္တူမှန်ဖြစ်ကြောင်းလက်မှတ်ရေးထိုးရန်)

            (  ) အသက်အထောက်အထားအတွက် တက္ကသိုလ်ဝင်တန်းအောင်လက်မှတ် မိတ္တူ၊

                   (မိတ္တူမှန်ဖြစ်ကြောင်းလက်မှတ်ရေးထိုးရန်)

            (  ) နိုင်ငံ့ဝန်ထမ်းမဟုတ်သူများအတွက် အကျင့်စာရိတ္တကောင်းမွန်ကြောင်းနှင့် ပြစ်မှု ကင်းရှင်းကြောင်းကို သက်ဆိုင်ရာရပ်ကွက်နှင့်

                     မြန်မာနိုင်ငံရဲတပ်ဖွဲ့ ထောက်ခံချက် မူရင်း၊ (လွန်ခဲ့သော()လအတွင်း)(ဝန်ထမ်းများအတွက်ကိုယ်တိုင်ဝန်ခံချက်၊ ဌာန ထောက်ခံချက်)

             (နိုင်ငံ့ဝန်ထမ်းမဟုတ်သူများအတွက် အလုပ်သမားမှတ်ပုံတင်ကတ်ပြားမိတ္တူ၊

              (  ) ကျန်းမာကြောင်းဆေးထောက်ခံစာ(လွန်ခဲ့သော ()ပတ်အတွင်း)

              (  ) ပတ်စ်ပို့ဓာတ်ပုံ()ပုံ (လွန်ခဲ့သော()လခန့်အတွင်း)

၆။        သတ်မှတ်အရည်အချင်းနှင့်ပြည့်မီသူများသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်)အတွက်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်ရုံးအမှတ်(၃၆)(B) ပြည်ထောင်စု  နယ်မြေ၊ နေပြည်တော်နှင့် တိုင်းဒေသကြီးပြည်နယ် ကျေးလက်ရုံးများနှင့် ကွပ်ကဲမှုအောက်ရှိ ခရိုင်၊ မြို့နယ်ကျေးလက်ရုံးများအတွက် သက်ဆိုင်ရာကျေးလက်ဦးစီးဌာနရုံးများသို့ (၃၁--၂၀၂၃)ရက်နေ့ နောက်ဆုံးထား၍ လျှောက်လွှာပေးပို့ရမည်။

၇။        နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် လျှောက်လွှာ()စောင်ကို မိမိတာဝန်ထမ်းဆောင်ရသည့် ဌာန ထောက်ခံချက်ဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနမှ တစ်ဆင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်) နေပြည်တော်သို့ (၁၁--၂၀၂၃)ရက်နေ့ နောက်ဆုံးထား၍ အရောက်ပေးပို့ရန် ဖြစ်ပါသည်။

(ကြိုတင်လျှောက်လွှာ()စောင်ကိုရေးဖြေဖြေဆိုမည့်နေရာ၌ သတ်မှတ်လျှောက်လွှာပိတ်ရက်မတိုင်မီ တင်သွင်းရမည်။)

၈။        ရေးဖြေစာမေးပွဲကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ သက်ဆိုင်ရာ တိုင်းဒေသကြီးပြည်နယ်အလိုက် ပြုလုပ်မည်ဖြစ်ရာ ဖြေဆိုလိုသည့်တိုင်းဒေသကြီး/ပြည်နယ်အား လျှောက်လွှာတွင် ထင်ရှားစွာဖော်ပြရန်ဖြစ်ပါသည်။ ဖြေဆိုရမည့်ဘာသာရပ်များမှာမြန်မာစာ၊အင်္ဂလိပ်စာနှင့် အထွေထွေ ဗဟုသုတတို့ဖြစ်ပြီး စာမေးပွဲကျင်းပမည့် နေ့ရက်၊ နေရာနှင့်အချိန်တို့ကို သက်ဆိုင်ရာ တိုင်းဒေသကြီးပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးများတွင် ကြိုတင်ကြေညာပါမည်။

၉။        အရည်အချင်းသတ်မှတ်ချက်နှင့် မကိုက်ညီသူများ  ပူးတွဲတင်ပြရမည့် စာရွက်စာတမ်း အချက် အလက် မပြည့်စုံသူများနှင့် သတ်မှတ်ရက်ထက် နောက်ကျရောက်ရှိလာသော လျှောက်လွှာများကို လက်ခံစဉ်းစားမည်မဟုတ်ပါ။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန(ရုံးချုပ်) တယ်လီဖုန်းနံပါတ်  ၀၆၇-၄၁၈၆၀၉၊ ၀၆၇-၄၁၈၆၁၂နှင့် တိုင်း ဒေသကြီးပြည်နယ်၊ ခရိုင်၊ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများသို့ ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည်။

တိုင်းဒေသကြီး/ ပြည်နယ်အလိုက် အငယ်တန်းအင်ဂျင်နီယာ-၄(မြို့ပြ)ရာထူးခန့်ထားမည့်ဒေသများ
စဉ် တိုင်း/ ပြည်နယ် ခန့်ရန် ခန့်ထားမည့်ဒေသ
နေပြည်တော် တိုင်းရုံး၊ လယ်ဝေးခရိုင်၊ ဥတ္တရခရိုင်၊ပျဉ်းမနား
ကချင် ဗန်းမော်ခရိုင်၊ မံစီ၊ မိုးညှင်း၊ ဖားကန့်
ကယား လွိုင်ကော်ခရိုင်၊ မယ်စဲ့ခရိုင်၊ ဒီးမော့ဆိုခရိုင်၊ ရှားတော
ကရင် ပြည်နယ်ရုံး၊ ဘားအံခရိုင်၊ လှိုင်းဘွဲ့၊ ကြာအင်းဆိပ်ကြီး
ချင်း မတူပီခရိုင်၊ မတူပီ၊  ဟားခါး၊ 
စစ်ကိုင်း မုံရွာခရိုင်၊ ရွှေဘိုခရိုင်၊ တန့်ဆည်၊ မုံရွာ၊ ဘုတလင်၊ ကနီ၊ မြောင်
တနင်္သာရီ ထားဝယ်ခရိုင်၊ မြိတ်ခရိုင်၊ ဘုတ်ပြင်းခရိုင်၊ တနင်္သာရီ၊ ဘုတ်ပြင်း၊ ထားဝယ်
ပဲခူး ကြို့ပင်ကောက်၊ တောင်ငူ၊ မိုးညို၊ ဒိုက်ဦး၊ ကဝ၊ ညောင်လေးပင်
မကွေး တိုင်းရုံး၊ မြိုင်၊ ပခုက္ကူ၊ ရေစကြို၊ ပေါက်၊  မကွေး၊ 
၁၀ မန္တလေး တိုင်းရုံး၊နွားထိုးကြီး၊ တံတားဦး၊ ပုသိမ်ကြီး၊ မိုးကုတ်၊ အမရပူရ
၁၁ မွန် ပြည်နယ်ရုံး၊ ဘီးလင်း၊ ချောင်းဆုံ
၁၂ ရခိုင် မောင်တော၊  မာန်အောင်
၁၃ ရှမ်း(တောင်) လွိုင်လင်ခရိုင်၊ မိုင်းကိုင်၊ မောက်မယ်
၁၄ ရှမ်း(မြောက်) တန့်ယန်းခရိုင်၊ မူဆယ်၊ မိုင်းရယ်၊ သိန်းနီ၊ မန်တုံ၊ နမ့်ဆန်
၁၅ ရှမ်း(ရှေ့) မိုင်းယန်းခရိုင်၊ မိုင်းတုံခရိုင်၊ မိုင်းပျဉ်း၊မိုင်းခတ်၊ မိုင်းလား၊ မိုင်းတုံ
၁၆ ဧရာဝတီ တိုင်းရုံး၊ ကျုံပျော်ခရိုင်၊ မြန်အောင်ခရိုင်၊ ရေကြည်၊  အိမ်မဲ၊ ဓနုဖြူ၊ ကျောင်းကုန်း၊ ငပုတော၊ ပုသိမ်၊ 
  စုစုပေါင်း ၇၉