ကျွန်တော်တို့အနေနဲ့ ဖြစ်နိုင်သမျှ အမြန်ဆုံးလုပ်ဆောင်စရာရှိတာတွေကို ဆောင်ရွက်ပြီး နှစ်နိုင်ငံ သဘောတူညီချက်များနဲ့အညီ နေရပ်စွန့်ခွာတွေ ပြန်လည်ဝင်ရောက်ဖို့အတွက် အတတ်နိုင်ဆုံး ကြိုးစားပြီးဆောင်ရွက် သွားမှာဖြစ်ပါတယ်

ကျွန်တော်တို့အနေနဲ့ ဖြစ်နိုင်သမျှ အမြန်ဆုံးလုပ်ဆောင်စရာရှိတာတွေကို ဆောင်ရွက်ပြီး နှစ်နိုင်ငံ သဘောတူညီချက်များနဲ့အညီ နေရပ်စွန့်ခွာတွေ ပြန်လည်ဝင်ရောက်ဖို့အတွက် အတတ်နိုင်ဆုံး ကြိုးစားပြီးဆောင်ရွက် သွားမှာဖြစ်ပါတယ်


Ministry of Information/ Naypyitaw / March 23, 2023
image_latest


တွေ့ဆုံမေးမြန်း - ဟိန်းမင်းစိုး၊ ဓာတ်ပုံ - HMS

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်း စပ်ရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ(၁)၊ အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်သည့် အာဆီယံနိုင်ငံများနှင့် အိမ်နီးချင်း နိုင်ငံများဖြစ်သော တရုတ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသံရုံးများမှသံရုံးအကြီးအကဲများ၊ သံတမန်များ၊ အာဆီယံလူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေးညှိနှိုင်းမှု ဗဟိုဌာန (AHA Center) မှ ကိုယ်စားလှယ်များသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရ ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မတ် ၈ ရက်နှင့် ၉ ရက်တို့တွင် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးအတွက် ပြင်ဆင်ဆောင်ရွက်မှုများ၊ IDP စခန်းများ၌ ပြောင်းရွှေ့နေရာ ချထားမည့် လုပ်ငန်းစဉ်များ ဆောင်ရွက်နေမှုနှင့် NVC ကတ်ထုတ်ပေးနေ မှုတို့ကို သွားရောက်လေ့လာ ကြည့်ရှုခဲ့ကြသည်။

အဆိုပါ လေ့လာရေးခရီးစဉ်တွင် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံ ရေးအတွက် ပြင်ဆင် ဆောင်ရွက်မှုများ IDP စခန်းများ၌ ပြောင်းရွှေ့နေရာချထားမည့် လုပ်ငန်းစဉ် များ ဆောင်ရွက်နေမှုနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီး ချုပ်နှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၏ စကားသံများကိုဖော်ပြလိုက်ရပါသည်-

ဦးကိုကိုလှိုင် (ပြည်ထောင်စုဝန်ကြီး၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန)

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှာ ရောက်ရှိ နေတဲ့ နေရပ်စွန့်ခွာသူတွေကို ရှေ့ပြေး စမ်းသပ်စီမံကိန်း (Pilot Project) တစ်ရပ်နဲ့ ကနဦးစပြီးလက်ခံဖို့ စီစဉ် နေတာဖြစ်ပါတယ်။ အခုလို စီစဉ်တဲ့အခါ ပြန်လည် ဝင်ရောက်လာသူတွေကို လက်ခံဖို့ နိုင်ငံတော်ကနေ ဘယ်လိုပြင်ဆင်ထား သလဲဆိုတာ ပြသနိုင်ဖို့အတွက် အာဆီယံနိုင်ငံတွေနဲ့ အိမ်နီးချင်း နိုင်ငံတွေက သံအမတ်ကြီးတွေ၊ သံရုံးအကြီးအကဲတွေနဲ့ အာဆီယံလူသားချင်း စာနာထောက် ထားမှုအကူ အညီပေးအပ်ရေး ညှိနှိုင်းမှုဗဟိုဌာနက အမှုဆောင်ညွှန်ကြားရေးမှူးနဲ့ အဖွဲ့ကိုလည်း ဖိတ်ခေါ်ခဲ့ပါတယ်။ သူတို့အကုန်လုံး ခရီးစဉ်မှာ လိုက်လာပြီး လက်တွေ့မြေပြင်မှာ ပြင်ဆင်ထားတာတွေကို လာရောက်ကြည့်ရှုကြတာဖြစ်ပါတယ်။ ပထမအနေနဲ့ ငါးခူရပြန်လည်လက်ခံရေးစခန်းကို ကြည့်ခဲ့ပါတယ်။ လှဖိုးခေါင်စခန်း ကတော့ ကြားစခန်းအနေနဲ့ ပြန်ဝင်လာတဲ့သူတွေကို ပြန်လည်လက်ခံ ရေးစခန်းမှာ စိစစ်ပြီးရင် ယာယီထားရှိ သွားမယ့် စခန်းဖြစ်ပါတယ်။

သူတို့ကို ကြားစခန်းမှာ ခဏထားရှိ ပြီးရင် နေရာချထားမယ့် ကျေးရွာတွေကို ဆက်လက်ပို့ ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ အခုတစ်ကြိမ်နဲ့ ဆို ဒီကိုရောက်တာ သုံးကြိမ်ရှိပါပြီ။ တစ်ကြိမ်နဲ့တစ်ကြိမ် အနေအထားလေး တွေ ပိုမိုတိုးတက်လာ တာတွေ့ရပါ တယ်။ နေထိုင်စရာဆိုရင် အရင်တုန်းက ပြိုပျက်နေတဲ့ လိုင်းခန်းတွေနဲ့ တည်းခိုစရာ နေရာတွေကို  ပြန်လည်ဖျက်သိမ်းပြီး အသစ်ပြန်လည် တည်ဆောက်ထားပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံက လှူဒါန်းတဲ့ အလွယ်တကူ တပ်ဆင်နိုင်တဲ့ နေအိမ် (ABH) တွေကိုလည်း ပြန်ဆင်ပြီးသူနေရာနဲ့သူ နေလို့ထိုင်လို့ရအောင် စီစဉ်ပေးထားပါတယ်။ ရေတွေ၊ မီးတွေလည်း အကုန်စီစဉ်ထားပါတယ်။ အခုကြည့်ရတဲ့ အနေအထားကတော့ အင်မတန် ကျေနပ်စရာကောင်းပါတယ်။ တော်တော်များများကို ပြင်ဆင်ထားတဲ့ အနေအထား မျိုးဖြစ်ပါတယ်။ ဒီနေရာမှာ မိသားစုတွေ ယာယီနေထိုင်ရမှာ ဆိုပေမယ့်လည်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကနေကလေး တွေထားဖို့အတွက် ကလေးပျော်နေရာတွေ၊ အမျိုးသမီးတွေအတွက် သက်မွေးသင်တန်းပေးတာတွေ၊ ချက်ဖို့ပြုတ်ဖို့ အဝတ်မီးဖိုချောင်သုံးပစ္စည်းတွေ၊ အထည်တွေ ထောက်ပံ့တာတွေကို ဒီမှာအကုန်လုပ် ပေးသွား မှာဖြစ်ပါတယ်။

သံတမန်လေ့လာရေးအဖွဲ့က အခု ချိန်ထိဒီဘက်ကို မရောက်ဖူးကြတော့ ပထမဆုံး သူတို့အတွက်လည်း အတွေ့အကြုံဖြစ်ပြီး ဒီမှာဘာတွေ ဖြစ်နေလဲဆိုတာ သိချင်ကြတယ်။ ဘာကြောင့်လဲဆိုတော့ ပြင်ပမီဒီယာတွေ ဖော်ပြထားတာက အဆိုးမြင်ပေါ့။ တော်တော်များ များက ပြောနေကြတာရှိပါတယ်။ မြန်မာဘက်က ပြန်ဝင်လာသူ တွေကို လက်မခံချင်ကြဘူး။ ပူးပေါင်း ဆောင်ရွက်မှုမရှိဘူးလို့ ထင်မြင်နေကြပါတယ်။ တကယ်က ပြန်လည်လက်ခံဖို့ အဆင်သင့် ဖြစ်နေတာကြာပါပြီ။ အဆင်သင့်ဖြစ်တာ ကြာနေပြီဖြစ်ပြီး ဟိုဘက်က ပြန်မပို့နိုင်တဲ့ အတွက် ကြောင့်အဆောက်အအုံတွေဆိုရင် အတော်လေး ပြန်လည်ပြင်ဆင် ထားရတာတွေ ရှိပါတယ်။ ဒါတွေကို သူတို့တွေ မျက်ဝါးထင်ထင်မြင်သွားတဲ့ အနေအထားရှိပါတယ်။

ဒီလုပ်ငန်းစဉ်ကို ဆောင်ရွက်နေတာ ကျွန်တော်တို့ ဝန်ကြီးဌာနတစ်ခုတည်း မဟုတ်ပါဘူး။ ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာလုပ်ငန်းများ ညှိနှိုင်း ပေါင်းစပ်ရေး ကော်မတီအောက်မှာရှိတဲ့ လုပ်ငန်းကော်မတီ တွေကနေ ဦးဆောင်ပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းကော်မတီတွေ မှာပါဝင်တဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေ အားလုံးနဲ့ ပေါင်းစပ်ပြီး တက်ညီလက်ညီ လုပ်တဲ့အတွက်ကြောင့် တော်တော်လေး အောင်အောင်မြင်မြင် အခုဆိုရင် ဖြစ်လာတယ်။ အထူးသဖြင့် ရခိုင် ပြည်နယ် အစိုးရအဖွဲ့နဲ့ သက်ဆိုင်ရာ ဒေသက အုပ်ချုပ်ရေးမှူးတွေကလည်း ဒီမှာတော်တော်များများ အချိန်ပေးပြီး လုပ်ကိုင်ပေးကြတာ တွေ့ရပါတယ်။ အဲဒီအတွက်လည်း အများကြီးကျေးဇူး တင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဖြစ်နိုင်သမျှ အမြန်ဆုံးလုပ် ဆောင်စရာရှိတာတွေကို ဆောင်ရွက်ပြီးနှစ်နိုင်ငံ သဘောတူညီချက်များနဲ့အညီ နေရပ်စွန့်ခွာတွေ ပြန်လည်ဝင်ရောက် ဖို့အတွက်အတတ်နိုင်ဆုံး ကြိုးစားပြီးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဒီဘက်ကို ပြန်လည်ရောက်ရှိရင်လည်းသူတို့ နေထိုင်စားသောက်ဖို့ အတွက်အသက် မွေးဝမ်းကျောင်း လုပ်ငန်းတွေကိုလည်း တတ်နိုင်သမျှပံ့ပိုးပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ဖို့ လုပ်ဆောင်ပေး သွားမှာ ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲဒေသခံတိုင်းရင်းသား တွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ရခိုင် ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်း များ ညှိနှိုင်းပေါင်းစပ်ရေး ကော်မတီက တစ်ဖက်တစ်လမ်းကနေ တန်းတူမျှမျှတတ အားလုံးဖွံ့ဖြိုးတိုးတက်သွား အောင် ဝိုင်းဝန်းပြီးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ရည်မှန်း ချက်ကတော့ ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဘက်ဘက်ကနေ အားထုတ် ဆောင် ရွက်သွားဖို့ ဖြစ်ပါတယ်။

 ဦးထိန်လင်း (ရခိုင်ပြည်နယ်ဝန်ကြီးချုပ်)

ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေနဲ့ ဆောင်ရွက်နေတဲ့ ပြန်လည်လက်ခံရေး လုပ်ငန်း ဆိုရင် အရင်ထက်စာရင် အခြေ အနေ တိုးတက်လာတာတွေ ရှိပါတယ်။ လက်ရှိ Pilot Project နဲ့ ပတ်သက်ပြီး ပြည်ထောင်စုအဆင့်ကနေ စနစ်တကျဆောင်ရွက်နေတဲ့အပေါ်မှာကျွန်တော်တို့ အစိုးရအဖွဲ့က လိုအပ်တာတွေကို ပံ့ပိုး ကူညီဆောင်ရွက်နေပါတယ်။ ဦးစားပေး အနေနဲ့ လမ်းတွေ၊ အဆောက်အအုံတွေ ကောင်းမွန်အောင်၊ လျှပ်စစ်မီး၊ ရေရရှိရေး၊ သူတို့နေထိုင်ရေးနဲ့ ပြန်လည်လက်ခံတဲ့အခါမှာလည်း စနစ်တကျ အဆင့်ဆင့်လက်ခံဆောင်ရွက်မှာ ဖြစ်တဲ့အတွက် စနစ်တကျ ဆောင်ရွက်လျက်ရှိပါတယ်။ ပြန်လည်လက်ခံတဲ့အခါ ပထမအဆင့် အနေနဲ့ကြား စခန်းမှာ ယာယီထားရှိမယ်။ သူတို့အတွက် နေရာချထားဖို့ ကျေးရွာ တွေ သတ်မှတ်ထားပါတယ်။ အဲဒီကျေးရွာ တွေမှာလည်း လူနေမှုအဆင့် အတန်း မြင့်မြင့်မားမားနဲ့ နေနိုင်အောင် စနစ်တကျအိမ်ရာတွေ တည်ဆောက်ထားတယ်။ လိုအပ်တဲ့ အခြေခံအဆောက် အအုံတွေကိုလည်း နေရာချထားမယ့် ကျေးရွာ ၁၅ ရွာမှာ ဆောင်ရွက်ထား ပါတယ်။ ဝင်ရောက်လာတဲ့ အပေါ်မှာ မူတည်ပြီး အဆင့်ဆင့်ဆောင်ရွက်သွားဖို့ စီမံထားပါတယ်။

ပြည်နယ်အတွင်းမှာ တည်ငြိမ် အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်သလို တစ်ဖက်ကလည်း ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နေပါတယ်။ ဒီလို ဆောင်ရွက်တဲ့ အခါမှာ တည်ငြိမ်အေးချမ်းမှုရှိမှ ဖွံ့ဖြိုးတိုးတက်မှုရှိတာမှန်သလို ဖွံ့ဖြိုးတိုးတက်မှုရှိခြင်းကလည်း တည်ငြိမ်အေးချမ်းမှုကို အထောက်အကူပြုတယ်ဆိုတာ ယုံကြည်ထားပါတယ်။ နိုင်ငံတော် အကြီးအကဲရဲ့ လမ်းညွှန်ချက်နဲ့အညီ ကျွန်တော်တို့ ပြည်နယ်မှာ ရေခံမြေခံကောင်း တွေရှိတဲ့ အတွက် စိုက်ပျိုးရေးနဲ့ မွေးမြူရေးကို အခြေခံပြီး အသေးစား၊ အငယ်စား၊အလတ်စား စီးပွားရေး လုပ်ငန်းတွေဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ခြင်းဟာ ပြည်နယ်အတွက် အကျိုးရှိသလို နိုင်ငံတော်အတွက်လည်း အကျိုးရှိကာ ဖြစ်တဲ့အတွက် ဦးစားပေးဆောင်ရွက် နေပါတယ်။ နိုင်ငံတော် ကလည်း လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် နိုင်ငံ့စီးပွားမြှင့် တင်ရေး ရန်ပုံငွေ ကနေ ချေးငွေတွေပေးထားတာ ရှိပါတယ်။ ဒါတွေကိုအကျိုးရှိစွာ အသုံးချနိုင်ဖို့ ဆောင်ရွက်  နေပါတယ်။ ပြည်နယ်မှာ လိုအပ်တာရှိရင် ပြည်ထောင်စုအဆင့်ရဲ့ လမ်းညွှန်ချက်နဲ့အညီ အစိုးရအဖွဲ့၊ လူမှုအဖွဲ့အစည်းတွေနဲ့ ဒေသခံတိုင်းရင်း သားတွေနဲ့ ပူးပေါင်းပြီး ညီညီညွတ်ညွတ် နဲ့ ဆောင်ရွက်လျက်ရှိပါတယ်။

 မစ္စတာ မုံခွန်း ဝိစစ်စတန် (မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး)

 ရခိုင်ပြည်နယ်ကို ပထမဆုံးအကြိမ် ရောက်ရှိခြင်းဖြစ်ပါတယ်။ ကျွန်တော့် အနေနဲ့ လွန်ခဲ့တဲ့ လေးလကမှ မြန်မာနိုင်ငံကို ရောက်ရှိတာဝန်ထမ်းဆောင်နေခြင်း ဖြစ်ပါတယ်။ အခုလေ့လာရေး ခရီးစဉ် ကို နိုင်ငံခြားရေးဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်ပေးတာကြောင့် ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာသူတွေကို ပြန်လည်လက်ခံရေးအတွက် မြေပြင်မှာ ပြင်ဆင်ဆောင်ရွက်နေတဲ့ အခြေအနေတွေကို ကိုယ်တိုင်မျက်မြင်လေ့လာ သိရှိခွင့်ရရှိပါတယ်။ မြန်မာအစိုးရအနေနဲ့ ဘင်္ဂလားဒေ့ရှ်ဘက်က နေရပ်ပြန်လာ မယ့်သူတွေကိုပြန်လည်လက်ခံဖို့အတွက် ကောင်းမွန်စွာ ပြင်ဆင်ဆောင်ရွက်ထား တာတွေကို တွေ့မြင်ရပါတယ်။ အခုလို ပြင်ဆင်ဆောင်ရွက်ထား တာတွေကို အကျိုးရှိစေဖို့အတွက် ဘယ်လိုရှေ့ဆက် ဆောင်ရွက် သွားကြမယ်ဆိုတာကို မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ အကြား ဆက်လက်ညှိနှိုင်းဆောင်ရွက် သွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ပြန်လည်လက်ခံရေးအတွက် အသုံးပြုမယ့် အဆောက်အအုံများဟာ တည်ဆောက်ထားတာ နှစ်နှစ်၊ သုံးနှစ်ကျော်ရှိပြီဖြစ်ပြီး ပြန်ဝင်လာမယ့်သူတွေကို လက်ခံထားရှိ နိုင်တဲ့ အခြေအနေမှာ ရှိပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ ရခိုင်ပြည်နယ်မှာ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေ ဆောင် ရွက်နေတာရှိပါတယ်။ ဥပမာအားဖြင့် မောင်တောမှာ ဆန်စက်တည် ဆောက်မယ့် စီမံကိန်းဖြစ်ပါတယ်။ နောက်ငါးမွေးမြူရေး လုပ်ငန်းအတွက် စွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်းပို့ချတာလည်းရှိပါတယ်။ ဆန်စက်မှာစက်ပစ္စည်းတွေ တပ်ဆင်ဖို့နဲ့ ငါးကန်တူးဖော်ဖို့တို့အတွက် နည်းပညာရှင်တွေလည်း စေလွှတ်သွားဖို့ရှိပါတယ်။ အဆင့်မြင့် စိုက်ပျိုးရေးစက်ကိရိယာများ အသုံးပြုပြီး စိုက်ပျိုးရေးနည်းစနစ်တွေသင်ကြားပို့ချ တာလည်း ရှိပါတယ်။ အဲဒီအတွက် စက်ပစ္စည်းအနေနဲ့ လယ်ထွန်စက် ၁၆ စီးကို လှူဒါန်းထားပါတယ်။ ဒါ့အပြင်စင်တာမှာသုံးဖို့အတွက် လည်း မော်တော်ဆိုင်ကယ် ခြောက်စီး လှူဒါန်းထားပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ နေရပ်စွန့်ခွာသူ များကို ပြန်လည်လက်ခံဖို့ မြန်မာအစိုးရ နဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရတို့ ပူးပေါင်းကြိုးပမ်း ဆောင်ရွက်နေတာတွေကို ထောက်ခံပါတယ်။ ဒီနေ့တွေ့မြင်နေရ တဲ့အဆောက်အအုံတွေ၊ သက်မွေးသင်တန်း ဖွင့်လှစ်သင်ကြားပေးနေမှုတွေ၊ ငါးခူရ ကျေးရွာ နေသူတွေအတွက် ဆောင်ရွက် ထားရှိမှုတွေဟာ ကျေနပ်အားရစရာ ကောင်းပြီး မြန်မာအစိုးရရဲ့ အားထုတ် ကြိုးပမ်းမှုတွေကို အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။

ဦးသိန်းဌေးဦး (အမြဲတမ်းအတွင်းဝန်၊ နယ်စပ်ရေးရာဝန်ကြီးဌာန)

နေရပ်စွန့်ခွာသူတွေကို ပြန်လည် လက်ခံဖို့ ပြီးခဲ့တဲ့ ၂၀၁၈ - ၂၀၁၉ ခုနှစ် ကတည်းက လုပ်ခဲ့ပါတယ်။ အဲဒီတုန်းက သူတို့ဆီကနေ အင်အားနှစ်ထောင်၊ သုံးထောင်လာမယ်ဆိုပြီး အကြောင်း အမျိုးမျိုးကြောင့်ပြန်မလာဖြစ်ခဲ့ကြပါဘူး။ပြန်မလာဖြစ်ကြတဲ့အတွက်ကြောင့် နှစ်နိုင်ငံဆွေး နွေးပြီးပြန်လည်လက်ခံရေး လုပ်ငန်းစဉ်တွေကို ကြိုတင်ပြင်ဆင် ထားတဲ့ အကြောင်းကို သိစေချင်ပါတယ်။ သူတို့ကို ယခင်က ပြန်လည်လက်ခံဖို့ ဆောင်ရွက်ခဲ့ရာမှာ သူတို့အနေနဲ့ ယုံကြည်စိတ်ချစွာ ပြန်လာနိုင်ကြောင်းနဲ့ ပြန်လည်လက်ခံရေးမူ (၅) ရပ်နဲ့အညီ ပြန်လည်လက်ခံမယ် ဆိုတဲ့အကြောင်းကို သိရှိအောင် ကြိုတင်ပြီး အကြောင်းကြားထားပါတယ်။ အကြောင်းကြားထား ပေမယ့်လည်း သူတို့ကို ဖိအားပေးမှု၊ ထိန်းချုပ်မှုတွေကြောင့် ပြန်မလာခဲ့ကြပါဘူး။ အဲဒီလိုပြန်မ လာတဲ့အခါ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ကျွန်တော်တို့ဆီက လက်မခံချင်လို့ဆိုပြီး ထင်သွားပါတယ်။ ကျွန်တော်တို့ လက်ခံ ဖို့အတွက် အစိုးရက မြန်မာကျပ်ငွေ ၅ ဘီလီယံလောက် အကုန်အကျခံပြီး ပြင်ဆင် ထားတာတွေကို သိရှိအောင် အခုလို သံတမန်တွေကို ဖိတ်ကြားပြသ ခြင်းဖြစ်ပါတယ်။

အခု စီစဉ်ဆောင်ရွက်နေတဲ့ Pilot Project ကတစ်ဆင့် ဝင်လာလို့ရှိရင် လောလောဆယ် ပြန်လည်လက်ခံရေး စခန်းတွေအနေနဲ့ တောင်ပြိုလက်ဝဲ၊ ငါးခူရစခန်းတွေမှာ စိစစ်လက်ခံပြီး လှဖိုးခေါင် ကြားစခန်းမှာ နှစ်လလောက် သူတို့ကိုခဏထားပါမယ်။ အဲဒီမှာ ခဏထားပြီး မောင်တောမြောက်ခြမ်းမှာ ရှိတဲ့ ကျေးရွာ ၁၅ ရွာမှာ မြေကွက်တွေ ရိုက်ထားပါတယ်။ သူတို့ ပြန်လည် လုပ်ကိုင်စား သောက်ဖို့အတွက် အဲဒီအနီးမှာ လယ်ယာမြေတွေလည်း အဆင်သင့် ရှိပါတယ်။ သူတို့ အသက်မွေးဝမ်းကျောင်းအတွက် ရေတိုရေရှည် ပြန်လည်လုပ်ကိုင် စားသောက်ဖို့ စီစဉ်ထားပါတယ်။ ဒီလို စီစဉ်ထားတာတွေကိုလည်း သိစေချင်ပါတယ်။ ပြန်လာမယ့် သူတွေ သူတို့ကို အားလုံးကို ပြန်မလာစေချင်တဲ့သူတွေက တားဆီးထားသလို ဖြစ်နေပါတယ်။ နိုင်ငံကနေ ထွက်ခွာသွားတုန်းကလည်း ကျွန်တော်တို့က နှင်ထုတ်ခဲ့တာ မဟုတ်ပါဘူး။ သူတို့သဘောနဲ့ သူတို့ထွက်သွားတာပါ။ ဒါပေမယ့် နိုင်ငံတကာအမြင်က ကျွန်တော်တို့နိုင်ငံကိုပါတယ်။အပြစ်မြင်နေ ပါတယ်။

ကျွန်တော်တို့ အခုလို လုပ်ထားတာ တွေကို သူတို့ကို သိစေချင်ပါတယ်။ ပြန်လည် လက်ခံဖို့အတွက် ငွေကုန် ကြေးကျ မြောက်မြားစွာကျခံပြီး လုပ်ပေး ထားပါတယ်။ နေထိုင်စားသောက်ဖို့ အတွက်လည်း ရခိုင်ပြည်နယ်အစိုးရ၊ နယ်စပ်ရေးရာဝန်ကြီးဌာနနဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနကနေ သူတို့ ကိုတစ်လစာဆက်ပြီး ထောက်ပံ့ပေးထားမယ်။ ကမ္ဘာရဲ့အမြင်မှာ ကျွန်တော်တို့ လက်ရှိ မြေပြင် သတင်းမှန်တွေကို မကြားဘူး။ သတင်းမှန်တွေကို သိအောင် သံတမန်တွေကိုခေါ်ပြီး ရှင်းပြရခြင်း ဖြစ်ပါတယ်။ Pilot Project အရ ပထမဆုံးဦးရေ ၁၅၀၀ ခန့် လက်ခံမယ်။

အကြောင်းတော့ မပြန်လာသေးဘူး။ Pilot Project ပြီးသွားတာနဲ့ မောင်တော မြောက်ခြမ်းမှာရှိတဲ့သူတွေကို ဦးစားပေး ပြီး လူဦးရေ ၅၀၀၀ ကျော်၊ အိမ်ထောင်စု ၁၅၀၀ ကိုဆက်ပြီး လက်ခံသွားနိုင်ဖို့ ညှိနှိုင်းဆောင်ရွက်သွားဖို့ရှိပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မွေးဖွားတဲ့ သူတွေကိုတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တရားရုံးက မွေးဖွား ကြောင်း ထောက်ခံ ချက်နဲ့ ကျွန်တော်တို့နိုင်ငံမှာ နေခဲ့ဖူးတဲ့ မိဘတွေက မွေးတယ်ဆိုတာမှန်ရင် ကျွန်တော်တို့လက်ခံမှာပါ။ ကျေးရွာ ၁၅ ရွာမှာ မြေကွက် ၇၅၀ လျာထား ပါတယ်။ ထပ်ဝင်လာလို့ရှိရင် နောက်ထပ် ထပ်မံဖော်ထုတ်ပြီး မြေကွက်တွေ စနစ်တကျ ပြန်လည် နေရာချထားမှာပါ။ ဒါပေမယ့် ကျွန်တော်တို့နိုင်ငံမှာ မွေးဖွား ခဲ့တဲ့သူ၊ နေခဲ့တဲ့သူဖြစ်ဖို့တော့ လိုပါတယ်။ ကျွန်တော်တို့ဆီမှာ အရင်တုန်းက သူတို့ကို ဆွဲတင်စစ်ဆိုပြီး မြေပုံဆွဲ စစ်ဆေး ကောက်ခံထားတဲ့ မှတ်တမ်း တွေရှိပါတယ်။ ဒီအချက်အလက်တွေနဲ့ ကိုက်ညီပြီး အချက် အလက်မှာပါဝင်တဲ့ လူဦးရေမှန်ရင်၊ ရာဇဝတ်မှု တစ်စုံတစ်ရာ ကျူးလွန်မထားဘူးဆိုရင် ဆက်ပြီးတော့ လက်ခံသွားမှာပါ။ လုံခြုံရေး အပိုင်းအနေနဲ့ နေရာချထားမယ့် ကျေးရွာ ၁၅ ရွာ အနီးမှာရွေးချယ်ပြီး လုံခြုံရေးပိုင်းကို တာဝန်ယူဆောင်ရွက်မယ့် ရဲစခန်းတွေ ကို နေရာချပေးထားပါတယ်။ ကျွန်တော် တို့နိုင်ငံက ရွှေ့ပြောင်း သွားတဲ့သူတွေကို အတင်းတွန်း လွှတ်တာ မဟုတ်သလိုကျွန်တော်တို့နိုင်ငံရဲ့ ဥပဒေအတိုင်း နေမယ်ဆိုရင် ပြန်ဝင်လာဖို့ကို အမြဲတမ်း ကြိုဆိုနေပါတယ်။

ဒေါက်တာကိုကိုနိုင်(အမြဲတမ်းအတွင်းဝန်၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန)

စစ်တွေမြို့မှာရှိတဲ့ အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်းမှာ ဖွင့်လှစ်ထားတဲ့ အခြေခံ စက်ချုပ် သင်တန်းဖြစ်ပါတယ်။ အခုဒီသင်တန်းမှာ ဒေသခံတိုင်းရင်း သူတွေနဲ့ ယာယီခိုလှုံရာ စခန်း (IDP) မှာရှိတဲ့ အမျိုးသမီးတွေ အတူတကွ လာရောက်သင်ကြားနေပါတယ်။ ဒီသင်တန်း ကနေတစ်ဆင့် သူတို့တွေ ဘဝရပ်တည်နိုင်ဖို့ သက်မွေး ပညာတွေရပါမယ်။ ဒီလုပ်ငန်းတွေ တတ်ကျွမ်း သွားတဲ့အပြင် လူမှုသဟဇာတ ဖြစ်မှုနဲ့ ပေါင်းစည်းညီညွတ်မှုကို အတူတကွ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ရည်ရွယ်ချက်အတူတူ ရှိတဲ့လုပ်ငန်းတွေမှာ အတူယှဉ်တွဲ လုပ်ဆောင် ခြင်းအားဖြင့် လူမှုသဟဇာတဖြစ်မှုကို အထောက်အကူပြုစေတယ်။ အသိုင်း အဝိုင်းအချင်းချင်း ပေါင်းစည်းမှု၊ ဆက်သွယ်မှုဆိုတာ လူ့ဘောင်မှာ မရှိမဖြစ်လုပ်ရတဲ့ ကဏ္ဍဖြစ်ပါတယ်။ ဒါကြောင့် တစ်ဖက်မှာ အမျိုးသမီးတွေ အတွက် ဝင်ငွေတိုးလုပ်ငန်းတွေ လုပ်နိုင်သလို လူမှုသဟဇာတဖြစ်မှုနဲ့ ပေါင်းစည်း မှုကိုလည်း ဖြစ်စေပါတယ်။ အမျိုးသမီး တွေ၊ ကလေးတွေက တစ်ဦးနဲ့တစ်ဦး ရင်းနှီးကျွမ်း ဝင်မှုရရှိပြီး တစ်ဦးနဲ့တစ်ဦး အတွေ့အကြုံတွေကို ဖလှယ်ကြဖို့ ရည်ရွယ်ပြီး သင်တန်းကို ဖွင့်တာဖြစ်ပါ တယ်။သင်တန်းမှာ ဒေသခံတိုင်းရင်းသူနဲ့ IDP စခန်းက အမျိုးသမီး စုစုပေါင်း ၅၀ တက်ရောက် သင်ကြားနေပါတယ်။

ဦးအာကာမြင့် (လက်ထောက်ညွှန်ကြားရေးမှူး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန)

ကျောက်တစ်လုံး IDP စခန်းပြောင်းရွှေ့ဖို့အတွက် မတ်လကုန် အပြီးပြောင်းရွှေ့နိုင်ရေး စီမံဆောင်ရွက် လျက်ရှိပါတယ်။ IDP စခန်းအတွင်းမှာ ရှိတဲ့ အိမ်ထောင်စု ၃၇၅ စုကို ပြောင်းရွှေ့

ဖို့စီစဉ်နေပါတယ်။ အိမ်တွေကို ဆောက်လုပ်ထားတာကတော့ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ကတည်းက စတင်ဆောက်လုပ်ထားတာ ဖြစ်ပါတယ်။ အိမ်ခြေပေါင်းအလုံးရေ ၃၉၆ လုံးဆောက် လုပ်ထားပါတယ်။ ပြောင်းရွှေ့ဖို့ ပထမပိုင်းအနေနဲ့ IDP စခန်းမှာ စာရင်း ရှိထားတဲ့လူတွေကို အရင်ဆုံးပြောင်းရွှေ့ ပါမယ်။ ဒုတိယပိုင်းအနေနဲ့ မိမိတို့ရဲ့ ကျေးရွာတွေကို ပြန်လို့မရတဲ့သူတွေကို ရွှေ့ပါမယ်။

IDP စခန်းမှာရှိတဲ့ သူတွေအားလုံး ကျောက်ဖြူမြို့နယ်အတွင်းမှာရှိတဲ့ သူတွေဖြစ်ပါတယ်။ ဒီမှာတော့ သူတို့တွေ နေထိုင်နိုင်ဖို့အပြင် ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်းနဲ့ လုံခြုံရေးရဲကင်းတွေ ကိုလည်း ဆောက်လုပ်ထားပါတယ်။ ရေရရှိရေးအတွက် ရေကန်တွေ ဆောက်လို့ပြီးပါပြီ။ လမ်းတွေနဲ့ လျှပ်စစ်မီးကအစ သွယ်တန်းပြီးဖြစ်ပါတယ်။ နေအိမ်တွေဆိုရင် အသင့်နေထိုင်နိုင်အောင် ဆောင် ရွက်ပြီးဖြစ်ပါတယ်။ နိုင်ငံတော်ကနေ ကျပ်ငွေဘီလီယံကျော် အကုန်အကျခံပြီး နေထိုင်စားသောက်ဖို့အတွက် အားလုံး ဆောင်ရွက် ပေးထားတာ ဖြစ်ပါတယ်။

HOT NEWS
January 4,