ခင်ဦးမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများ၏ အကြမ်းဖက်ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်ရာတွင် အသုံးပြုသည့် လက်လုပ်သေနတ်၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ
ခင်ဦးမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများ၏ အကြမ်းဖက်ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်ရာတွင် အသုံးပြုသည့် လက်လုပ်သေနတ်၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ
Ministry of Home Affairs/ နေပြည်တော် / March 23, 2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများ၏ အကြမ်းဖက်ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်ရာတွင် အသုံးပြုသည့် လက်လုပ်သေနတ်၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။
ဖြစ်စဉ်မှာ မတ်လ ၁၇ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ ချမ်းသာကုန်းကျေးရွာ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)က လက်နက်ငယ်များဖြင့် ချောင်းမြောင်း ပစ်ခတ်တိုက်ခိုက်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်သမားများမှာ ရွာသစ်ကျေးရွာဘက်သို့ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားခဲ့၍ အခင်းဖြစ်နေရာအား ရှာဖွေစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သမားများထံမှ လက်လုပ်သေနတ် ၁ လက်၊ လက်လုပ်လက်ပစ်ဗုံး ၁ လုံး၊ လက်လုပ်မိုင်း ၂ လုံး၊ စစ်သုံးမှန်ဘီလူး ၁ ခု၊ ဂျင်ကလိ ၂၀ ချောင်း၊ ပြောက်ကျားအင်္ကျီ ၂ ထည်နှင့် ဖိနပ် ၁ ရံ တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထိုသို့ နယ်မြေတည်ငြိမ်းအေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်၍ အကြမ်းဖက်ပစ်ခတ် တိုက်ခိုက်ဖောက်ခွဲရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် အကြမ်းဖက်သမားများအား ဖမ်းဆီးရမိနိုင်ရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။