ခရစ်ယာန်ထိမ်းမြားခြင်းဆိုင်ရာအက်ဥပဒေအရ ထိမ်းမြားမှုမှတ်ပုံတင်အရာရှိချုပ်နှင့် လိုင်စင်ရသူများ တွေ့ဆုံဆွေးနွေး
ခရစ်ယာန်ထိမ်းမြားခြင်းဆိုင်ရာအက်ဥပဒေအရ ထိမ်းမြားမှုမှတ်ပုံတင်အရာရှိချုပ်နှင့် လိုင်စင်ရသူများ တွေ့ဆုံဆွေးနွေး
Ministry of Information/ Naypyitaw / February 28, 2026
နေပြည်တော် ဖေဖော်ဝါရီ ၂၇
ခရစ်ယာန်ထိမ်းမြားခြင်းဆိုင်ရာ အက်ဥပဒေအရ ထိမ်းမြားခြင်းကိစ္စရပ်များ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ထိမ်းမြားမှုမှတ်ပုံတင် အရာရှိချုပ်နှင့် ထိမ်းမြားမှု လိုင်စင်ရသူများ၏ တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၉ နာရီတွင် ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး အစည်းအဝေးခန်းမ၌ In Person / Virtual စနစ်ဖြင့် ကျင်းပသည်။
ဆွေးနွေးပွဲတွင် ထိမ်းမြားမှုမှတ်ပုံတင်အရာရှိချုပ်၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုးက ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် ခရစ်ယာန်ထိမ်းမြားခြင်းဆိုင်ရာ အက်ဥပဒေ ပုဒ်မ ၆ နှင့် ပုဒ်မ ၉ တို့အရ ခရစ်ယာန်ဘာသာဝင်များကို ဝိနည်းနှင့်အညီ ထိမ်းမြားပေးနိုင်ရန် လိုင်စင်ထုတ်ပေးခြင်း၊ ပုဒ်မ ၇ အရ မှတ်ပုံတင်အရာရှိနှင့် မှတ်ပုံတင်အရာရှိချုပ် ခန့်အပ် ခြင်း၊ လိုင်စင်လျှောက်ထားခြင်းနှင့် ထိမ်းမြားခြင်းဆောင်ရွက်ရာတွင် လိုက်နာရန်ကြေညာချက်၊ ညွှန်ကြားချက် ထုတ်ပြန် ခြင်းတို့ ဆောင်ရွက်လျက်ရှိကြောင်း၊ လူကုန်ကူးဖြစ်စဉ်များတွင် နိုင်ငံခြားသားများက ခေတ္တလာရောက်စဉ် မြန်မာအမျိုးသမီးများအား လှည့်ဖြားလိုသော သဘောဖြင့် ငွေကြေးပေးထိမ်းမြားပြီး ခေါ်ဆောင်သည့်အန္တရာယ်မှကာကွယ်ရန် ဝိနည်းနှင့်အညီ ထိမ်းမြားရာတွင်လိုက်နာရန် ညွှန်ကြားချက် ၁/၂၀၂၆ ထုတ်ပြန်ခဲ့ကြောင်း၊ ခရစ်ယာန်ထိမ်းမြားမှု ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရန်၊ ဥပဒေနှင့်ညီညွတ်စေရန် ဆွေးနွေးပွဲကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ထိမ်းမြားခြင်း ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုး (လုပ်ထုံး၊ အငြင်းပွား၊ စစ်ဆေးရေး) နှင့် ဥပဒေလုပ်ထုံးလုပ်နည်းဌာန ညွှန်ကြားရေးမှူး ဒေါ်သူဇာအောင်တို့က ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများက ဆွေးနွေးပြောကြားခြင်း၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က ပြန်လည်ဆွေးနွေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
