ခေတ်မီအိတ်ချိန်းစက်များ လဲလှယ်ပြီးဖြစ်ပါသဖြင့် အော်တိုတယ်လီဖုန်း နံပါတ်များအား ပြောင်းလဲပါမည်
ခေတ်မီအိတ်ချိန်းစက်များ လဲလှယ်ပြီးဖြစ်ပါသဖြင့် အော်တိုတယ်လီဖုန်း နံပါတ်များအား ပြောင်းလဲပါမည်
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန/ နေပြည်တော် / January 28, 2022
(ရန်ကုန်၊ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်) – မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေဖြင့် ပိုမိုကောင်းမွန်သည့် အရည်အသွေး နှင့် ခေတ်မီဝန်ဆောင်မှုများကို ပေးနိုင်ရန်အတွက် အောက်ဖော်ပြပါ တိုင်းဒေသကြီး နှင့် ပြည်နယ်ရှိ အိတ်ချိန်းများကို ခေတ်မီအိတ်ချိန်းစက်များနှင့် ပြောင်းလဲတပ်ဆင်ပြီး လက်ရှိအသုံးပြုနေသော အော်တိုတယ်လီဖုန်းနံပါတ်များကို ဂဏန်း (၇) လုံးပါရှိသည့် အော်တိုတယ်လီဖုန်းနံပါတ် အသစ်များဖြင့် အောက်ပါအတိုင်း ပြောင်းလဲသွားမည် ဖြစ်ပါသည်။
နယ်မြေ | အိတ်ချိန်း | Migration စတင်ပြုလုပ်မည့် ရက်စွဲ | လက်ရှိအသုံးပြု နေသော ဖုန်းနံပါတ် |
အသစ်ပြောင်းလဲ မည့်ဖုန်းနံပါတ် |
---|---|---|---|---|
*ရန်ကုန်တိုင်း ဒေသကြီး |
*မရမ်းကုန်း (၁) အိတ်ချိန်း | ၂၅-၁-၂၀၂၂ | ၀၁-၆၆xxxx | ၀၁-၈၆၆xxxx |
ရှမ်းပြည်နယ် (တောင်ပိုင်း) | ဟဲဟိုး အိတ်ချိန်း | ၃၁-၁-၂၀၂၂ | ၀၈၁-၆၃xxx | ၀၈၁-၂၃၆၃xxx |
* ယခင်ထုတ်ပြန်ထားပြီးဖြစ်ကာ လုပ်ငန်းဆောင်ရွက်သည့်ရက် ပြင်ဆင်ထားသည့်နေရာ
အောက်ပါဇယားတွင် ဖော်ပြထားသော တိုင်းဒေသကြီး နှင့် ပြည်နယ်များရှိ အိတ်ချိန်းများကို ခေတ်မီအိတ်ချိန်းစက်များနှင့် ပြောင်းလဲတပ်ဆင်ပြီး ကေဘယ်လ်ကွန်ရက်စနစ် (Copper Cable Network) အား မြန်နှုန်းမြှင့် သတင်းအချက်အလက် ဝန်ဆောင်မှုပေးနိုင်သည့် ဖန်ကြိုးမျှင် (Fiber Cable) စနစ် နှင့် ကြိုးမဲ့စနစ်သုံး (Fixed Wireless) တယ်လီဖုန်းများဖြင့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက် မှစတင်၍ အောက်ပါအတိုင်း ပြောင်းလဲသွားမည် ဖြစ်ပါသည်။
နယ်မြေ | အိတ်ချိန်း | လက်ရှိအသုံးပြု နေသော ဖုန်းနံပါတ် |
အသစ်ပြောင်းလဲ မည့်ဖုန်းနံပါတ် |
---|---|---|---|
မန္တလေးတိုင်းဒေသကြီး |
ရမည်းသင်း အိတ်ချိန်း | ၀၆၄-၄၀xxx | ၀၆၄-၂၀၄၀xxx |
သပိတ်ကျင်း အိတ်ချိန်း | ၀၈၆-၃၀xxx | ၀၈၆-၄၇၃၀xxx | |
ဝဲလောင် အိတ်ချိန်း | ၀၆၆-၇၃xxx | ၀၆၆-၄၇၇၃xxx | |
ဇီးပင်ကြီး အိတ်ချိန်း | ၀၂-၅၀xxx | ၀၂-၄၇၅၀xxx | |
မကွေးတိုင်းဒေသကြီး | မြို့သစ် အိတ်ချိန်း | ၀၆၃-၅၃xxx | ၀၆၃-၄၇၅၃xxx |
စကု အိတ်ချိန်း | ၀၆၅-၄၀xxx | ၀၆၅-၄၇၄၀xxx | |
*ရှမ်းပြည်နယ် (တောင်ပိုင်း) |
*တောင်ကြီး အိတ်ချိန်း | ၀၈၁-၂၀၀xxx | ၀၈၁-၂၂၀၀xxx |
၀၈၁-၂၀၁xxx | ၀၈၁-၂၂၀၁xxx | ||
၀၈၁-၂၀၂xxx | ၀၈၁-၂၂၀၂xxx |
* ယခင်ထုတ်ပြန်ထားပြီးဖြစ်ကာ လုပ်ငန်းဆောင်ရွက်သည့်ရက် ပြင်ဆင်ထားသည့်နေရာ
နံပါတ်အဟောင်းမှ နံပါတ်အသစ်သို့ ပြောင်းလဲစဉ်ကာလအတွင်းတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိမိတို့၏ ဝန်ဆောင်မှုကို အသုံးပြုနေသူများ ဆက်သွယ်မှုအဆင်ပြေစေရန် Call Forward ဝန်ဆောင်မှုကို ပြောင်းလဲတပ်ဆင်သည့်နေ့မှစ၍ (၃) လအထိ အခမဲ့ပေးထားမည်ဖြစ်ပြီး သုံးစွဲသူများသည် နံပါတ်အသစ်သို့ ပြောင်းလဲနေစဉ်ကာလအတွင်းတွင် လက်ရှိနံပါတ် (သို့မဟုတ်) နံပါတ်အသစ်သို့ ခေါ်ဆိုနိုင်မည် ဖြစ်ပါသည်။