ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်၊ အကွက်အမှတ်(စစ-၉)၊ ၅၂လမ်း၊ (၁၀၅x၁၀၆) လမ်းကြားတွင် နေအိမ်မီးလောင်မှု
ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်၊ အကွက်အမှတ်(စစ-၉)၊ ၅၂လမ်း၊ (၁၀၅x၁၀၆) လမ်းကြားတွင် နေအိမ်မီးလောင်မှု
Ministry of Home Affairs/ နေပြည်တော် / April 14, 2023
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်၊ အကွက် အမှတ်(စစ-၉)၊ ၅၂လမ်း၊ (၁၀၅x၁၀၆)လမ်းကြားတွင် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့၊ ၀၅၀၄ အချိန်ခန့်က ပိုင်ရှင် ဒေါ်သန္တာခိုင်၏ (၁၃x၃၆)ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း ၂ ထပ် နေအိမ်တွင် အိပ်ခန်းအတွင်း ခြင်ဆေးခွေ ထွန်းထားရာမှ ခြင်ဆေးခွေနှင့်စောင်ထိပြီး အနီးရှိထရံသို့ မီးကူးစက် လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၁၈ စီးဖြင့် သွားရောက်၍ မီးငြှိမ်းသတ်ခဲ့ရာ ၀၅၃၃ အချိန်မီးငြိမ်း ခဲ့ပါသည်။
အဆိုပါ မီးလောင်မှုကြောင့် နေအိမ် ၁၂ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ပိုင်ရှင် ဒေါ်သန္တာခိုင်အား အောင်ပင်လယ်နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။