ချမ်းမြသာစည်မြို့နယ်တွင် ငွေကျပ် ၃,၅၇၅ သိန်းတန်ဖိုးရှိ ဘိန်းဖြူ ၁၄ ကီလိုကျော် ဖမ်းဆီးရမိ
ချမ်းမြသာစည်မြို့နယ်တွင် ငွေကျပ် ၃,၅၇၅ သိန်းတန်ဖိုးရှိ ဘိန်းဖြူ ၁၄ ကီလိုကျော် ဖမ်းဆီးရမိ
Ministry of Information/ Naypyitaw / December 25, 2025
နေပြည်တော် ဒီဇင်ဘာ ၂၅
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ ၂၁ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်သတင်းအရ ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်၊ ၅၆(A) x ၁၁၀ လမ်းထောင့်တွင် အောင်မြင့် မောင်းနှင်ပြီး ဝင်းမြိုင် လိုက်ပါလာသော TOYOTA LAND CRUISER မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ ဘိန်းဖြူ ၄ ဒသမ ၄ ကီလို (၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၁,၁၀၀)အား ဖမ်းဆီးရမိပြီး စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ည ၆ နာရီခွဲအချိန် ၎င်းတို့ ၂ ဦး နေထိုင်သည့် အမရပူရမြို့နယ်၊ “ဝဝ”(၂)ရပ်ကွက်ရှိနေအိမ်မှ ဘိန်းဖြူ ၉ ဒသမ ၉ ကီလို (၎င်းဒေသတန်ဖိုးငွေကျပ် ၂,၄၇၅ သိန်း)အား ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်း ဘိန်းဖြူ ၁၄ ဒသမ ၃ ကီလို (၎င်းဒေသတန်ဖိုးငွေကျပ် ၃,၅၇၅ သိန်း)အား ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း၊ ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိဘိန်းဖြူများအား ဖယ်ခုံမြို့နယ်နေ ကျော်ဦး(ဖမ်းဆီးရန်ကျန်)မှ မန္တလေးသို့ ပို့ဆောင်ခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
