ချောက်၊ ရွှေဘိုနှင့် ရေဖြူမြို့နယ်တို့၌ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူလူထုအချို့အား လက်နက်ကိုင် အကြမ်းဖက်သမားများက အကြောင်းမဲ့ရက်စက်စွာ လုပ်ကြံသတ်ဖြတ်

ချောက်၊ ရွှေဘိုနှင့် ရေဖြူမြို့နယ်တို့၌ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူလူထုအချို့အား လက်နက်ကိုင် အကြမ်းဖက်သမားများက အကြောင်းမဲ့ရက်စက်စွာ လုပ်ကြံသတ်ဖြတ်


Ministry of Home Affairs/ နေပြည်တော် / March 23, 2023


     တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူလူထုအချို့အား လူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ဝန်ထမ်းကျင့်ဝတ်နှင့်အညီ ရိုးသားစွာဖြင့် နိုင်ငံတော် အပေါ် သစ္စာစောင့်သိ၍ အလုပ်တာဝန်များ ထမ်းဆောင်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းများအား လူအုပ်စုဖွဲ့၍ လက်နက်အားကိုးဖြင့် အတင်းအကျပ် CDM ပြုလုပ်စေပြီး CDM ပြုလုပ်ခြင်း မရှိသူ နိုင်ငံ့ဝန်ထမ်းများအားလည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူလူထုများအား “သူလျှို၊ သတင်းပေး၊ ဒလန်”ဟု စွပ်စွဲ၍ လည်းကောင်း၊ “ငါနှင့်မတူ ငါ့ရန်သူ”ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင် အကြမ်းဖက်သမားများက ဓား၊ သေနတ်၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်။
    ထိုသို့ အကြမ်းဖက်မှုများလုပ်ဆောင်ခဲ့ရာ မတ်လ ၁၇ ရက်နေ့ နံနက် ၁၁ နာရီ ၅၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ရွှေပုံတောင်ရပ်ရှိ ရွှေပုံတောင် ရေသန့်စက်ရုံအနီး၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ စဉ့်ကူမြို့နယ်၊ ပေပင်ကျေးရွာနေ ဦးထွန်းလင်းကျော် (၄၂)နှစ် (ဘ)ဦးမော်တောသည် ၎င်း၏ MGY- 15U/xxxx MATOOR အမျိုးအစား သုံးဘီးမော်တော်ယာဉ်ဖြင့် ခရီးသည် ၄ ဦးအား တင်ဆောင်မောင်းနှင်၍ ချောက်မြို့မှ စဉ့်ကူမြို့သို့ ထွက်ခွာလာစဉ် အခင်းဖြစ်နေရာအရောက်၌ နောက်မှ ဆိုင်ကယ် ၂ စီးဖြင့် မောင်းနှင်လိုက်လာသည့် အကြမ်းဖက်သူ အမျိုးသား ၃ ဦး (စိစစ်ဆဲ)က သေနတ်ဖြင့်ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့်  သုံးဘီး ယာဉ်၏ လေကာ မှန်အားထိမှန်ခဲ့ပြီး ဦးထွန်းလင်းကျော်တွင်  လက်မောင်းနှင့် ရင်ဘတ်မှန်ကွဲစထိရှ ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး စဉ့်ကူတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်းသိရသည်။
    အလားတူ နေ့လယ် ၁ နာရီ ၄၅ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ တဂဏန်းကျေးရွာအနီး၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား ၂ ဦး သေဆုံးကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်နေ ဦးညီညီဇော် (၅၀)နှစ် (ဘ)ဦးကျော်ခင်နှင့် အမှတ်(၂)ရပ်ကွက်နေ ဦးသန်းထွန်းနိုင်(၄၅)နှစ် (ဘ)ဦးညွန့်တင် တို့သည် ကျေးရွာအနီးရှိ ဘီးခွန်ကောက်ခံသည့်နေရာ၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်အဖွဲ့အင်အား (စိစစ်ဆဲ)က ဆိုင်ကယ် ၅ စီးဖြင့် ရောက်ရှိလာပြီး သေနတ်များဖြင့်ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးညီညီဇော်နှင့် ဦးသန်းထွန်းနိုင်တို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း သိရသည်။
    အလားတူ ည ၈ နာရီခွဲတွင် တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ဥဿရံကျေးရွာအနီး ရေး-ထားဝယ်ကားလမ်း မိုင်တိုင်အမှတ် ၂၁ မိုင် ၃ ဖာလုံနှင့် ၄ ဖာလုံကြား၌ မော်တော်ယာဉ် တစ်စီး သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ သင်္ဃန်းတောကျေးရွာနေ ကိုထွန်းလင်း(၂၉)နှစ် (ဘ)ဦးလေးမြင့်သည် 1R/xxxx Forland ၆ ဘီး ယာဉ်ဖြင့် ကံပေါက်ကျေးရွာဘက်မှ ရေဖြူမြို့နယ်ဘက်သို့ မောင်းနှင်လာစဉ် အခင်းဖြစ်နေရာ အရောက်၌ အကြမ်းဖက်အဖွဲ့ အင်အား (စိစစ်ဆဲ)က လမ်း၏ဝဲဘက်ခြမ်းမှ လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့သဖြင့် ကိုထွန်းလင်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ထားဝယ် မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
    အထက်ပါဖြစ်စဉ်များတွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူလူထုများအား ငါနှင့်မတူ ငါ့ရန်သူဟူသည့် တစ်ဖက်သတ် အစွန်းရောက်ဂိုဏ်းဂဏစွဲအပေါ်အခြေခံကာ အကြောင်းမဲ့ရက်စက်စွာ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ရွှေဘိုမြို့နယ်၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား ၂ ဦး သေဆုံး

HOT NEWS
January 4,