ဂမ်ဘီယာနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ အမှုနှင့်ပတ်သက်၍ ကြားနာပွဲ ဆက်လက်ပြုလုပ်

ဂမ်ဘီယာနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ အမှုနှင့်ပတ်သက်၍ ကြားနာပွဲ ဆက်လက်ပြုလုပ်


Ministry of Information/ Naypyitaw / January 17, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၁၆

ဂမ်ဘီယာနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ အမှုနှင့်ပတ်သက်၍ ကြားနာပွဲ (Oral Hearing ) ကို ဇန်နဝါရီ ၁၂ ရက်မှ ၂၉ ရက်အထိ နယ်သာလန်နိုင်ငံသည်ဟိတ်ဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး၌ ပြုလုပ်လျက်ရှိရာ မြန်မာနိုင်ငံမှ ပထမအကြိမ် လျှောက်လဲခြင်းကို ယနေ့ဒေသစံတော်ချိန် နံနက် ၁၀ နာရီ မှ မွန်းလွဲ ၁ နာရီအထိနှင့် မွန်းလွဲ ၃ နာရီမှ ညနေ ၆ နာရီ အထိ စတင်လျှောက်လဲမည်ဖြစ်သည်။

ယနေ့တွင် မြန်မာ၏ ကိုယ်စားလှယ်(Agent)ဖြစ်သူ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က အဖွင့်မိန့်ခွန်းပြောကြားသည်။ (ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၏ အဖွင့်မိန့်ခွန်းကို သီးခြားဖော်ပြထားပါသည်။)

ဂမ်ဘီယာနိုင်ငံ၏ စတုတ္ထနေ့ကြားနာပွဲကို ဇန်နဝါရီ ၁၅ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီမှ မွန်းတည့် ၁၂ နာရီအထိပြုလုပ်ခဲ့ရာ ဂမ်ဘီယာနိုင်ငံမှရှေ့နေများက အပြီးသတ်လျှောက်လဲခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်