ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီးနှင့် သာသနိကအဆောက်အအုံများ ဘက်စုံပြုပြင်မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းများအတွက် ဆရာတော်ကြီးများထံမှ ဩဝါဒခံယူ

ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီးနှင့် သာသနိကအဆောက်အအုံများ ဘက်စုံပြုပြင်မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းများအတွက် ဆရာတော်ကြီးများထံမှ ဩဝါဒခံယူ


Ministry of Information/ Naypyitaw / June 03, 2025
image_latest


နေပြည်တော် ဇွန် ၃

ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီးနှင့် သာသနိကအဆောက်အအုံများ ဘက်စုံပြုပြင်မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းများအတွက် ဆရာတော်ကြီးများအား လျှောက်ထားခြင်းနှင့် ဆုံးမဩဝါဒခံယူခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော်မြတ်ကြီး၌ ပြုလုပ်ရာ နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေကျင်နိကာယဥက္ကဋ္ဌ သောဠသမ ရွှေကျင်သာသနာပိုင် သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက မဟာဓမ္မကထိက ဗဟုဇနဟိတဓရ သီတဂူဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တဉာဏိဿရအမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တက်ရောက်လာကြသူများက သီတဂူဆရာတော်ဘုရားကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများက သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူတစ်ဦးတို့က ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးမှုများကို တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာရှင်ပြည်သူများက စုပေါင်းဖယ်ရှားရှင်းလင်းပြီးစီးမှုများနှင့် ဘက်စုံပြုပြင်မွမ်းမံပြင်ဆင်တည်ဆောက်မည့် လုပ်ငန်းအစီအမံများကို ဆရာတော်ကြီးများထံ ရှင်းလင်းလျှောက်ထားတင်ပြကြပြီး ဩဝါဒခံယူခဲ့ကြကြောင်း သတင်းရရှိသည်။

HOT NEWS
January 4,