ငါးကုန်ထုတ်သမဝါယမအသင်းလီမိတက်များက ငါးမျိုးစုံ ထုတ်လုပ်ဖြန့်ဖြူး
ငါးကုန်ထုတ်သမဝါယမအသင်းလီမိတက်များက ငါးမျိုးစုံ ထုတ်လုပ်ဖြန့်ဖြူး
Ministry of Information/ Naypyitaw / November 13, 2023
ပဲခူး နိုဝင်ဘာ ၁၂
ရေထွက်ကုန်ပစ္စည်းများကို စားသုံးသူပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် လွယ်လင့်တကူဝယ်ယူ စားသုံးနိုင်ရေးအတွက် သမဝါယမကဏ္ဍမှ ဖြန့်ဖြူးရောင်းချပေးလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်ရှိ ကေတုမတီငါးကုန်ထုတ်သမဝါယမအသင်းလီမိတက်နှင့် သဲကုန်းမြို့နယ်ရှိ ချမ်းမြေ့ငါးကုန်ထုတ် သမဝါယမအသင်းလီမိတက်တို့သည် အသင်းပိုင်ငါးကန်များ၌ ငါးမျိုးစုံ မွေးမြူထားရှိပြီး ၎င်းငါးကန်များမှ ဖော်ထုတ်ရရှိသည့် ငါးမြစ်ချင်း၊ ငါးမုတ်၊ ငါးတန်နှင့် ငါးကြင်းစုစုပေါင်း ငါးမျိုးစုံပိဿာချိန် ၉၇၂၉ ကို စားသုံးသူပြည်သူများ ဝယ်ယူစားသုံးနိုင်စေရန် လက်လီလက်ကား ရောင်းချပေးခဲ့သည်။ အဆိုပါ ငါးကန်များမှ ငါးမျိုးစုံ ၁၂၀၆၃၄ ပိဿာကို ဖော်ထုတ်၍ စားသုံးသူပြည်သူများအား ဖြန့်ဖြူးရောင်းချပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
