စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့် အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) အားကြည့်ရှုစစ်ဆေး

စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့် အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) အားကြည့်ရှုစစ်ဆေး


Ministry of Industry/ Ministry of Industry / October 09, 2023


နေပြည်တော်၊ အောက်တိုဘာ (၂)
    စက်မှုဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် အောက်တိုဘာလ(၁)ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်ရှိ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) သို့ ရောက်ရှိပြီး စက်ရုံအစည်းအဝေးခန်းမ၌ စက်ရုံမှူးနှင့် စက်ရုံတည်ဆောက်ရေးစီမံကိန်းမှ တာဝန်ရှိသူများမှ Technical Audit Team ၏ Overview Report အရ ဆောင်ရွက်ရမည့် လုပ်ငန်း(၄၆၁) ချက်နှင့်  Remaining Work(၁၉၁) ချက်တို့နှင့်ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ စွမ်းအင်အကျိုးရှိ ထိရောက်စွာသုံးစွဲရေး အကြံပြုချက်များအပေါ် ဆောင်ရွက်မှုအခြေအနေ၊ Danieli Technical Report ပါ အချက်အလက်များအပေါ် ဆောင်ရွက်မှုအခြေအနေ၊  Water Treatment Technical Team ၏ First Lift Pump House, Second Lift Pump House, Drinking Water Plant နှင့် Water Treatment Plant တို့၏ ရေသန့်စင်မှုစနစ်နှင့်စပ်လျဉ်း၍ စိစစ်တွေ့ရှိချက်များအား အသီးသီးရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက Water Treatment နှင့်ပတ်သက်၍ Poly Aluminium Chloride (PAC)Dosing System  ပိုမိုကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ရေး၊ Chlorine Dosing System  ထပ်မံဖြည့်ဆည်းနိုင်ရေးနှင့် Filter Media (Anthrocite, Sand နှင့် Gravel) တို့ အသစ်ပြန်လည်ဖြည့်ဆည်းဆောင်ရွက်ပြီး ရေ၏အရည်အသွေးစစ်ဆေးရန် လိုအပ်မှုအခြေအနေများစသည့် လုပ်ငန်းစဉ်(၃)ခုကို ဆောင်ရွက်မည့်အစီအစဉ်(Work Scope, Cost)တို့အားစိစစ်တွက်ချက်၍ ပြန်လည်တင်ပြရန်နှင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အမြန်ဆောင်ရွက်ရန်၊ စက်ရုံဓါတ်ခွဲခန်းရှိ စက်ပစ္စည်းများအနက် စံကိုက်ချိန်ညှိခြင်း(Calibration) လုပ်ငန်းဆောင်ရွက်ရမည့် စက်ပစ္စည်းများအား အမြန်ပြီးစီးအောင် ဆောင်ရွက်ရန်၊ စက်ရုံ၌ အသုံးပြုမည့် မီးခံအုတ်များ၏ လိုအပ်သော အရည်အသွေးသတ်မှတ်ချက်နှင့် အသုံးပြုမည့်နေရာတို့ကို စာရင်းပြုစုတင်ပြရန်၊ စွန့်ပစ်အပူသုံး ဘွိုင်လာအား အမိုးအကာပြုလုပ်နေမှု လုပ်ငန်းများကို ယခုနှစ် ဒီဇင်ဘာလအတွင်းပြီးစီးအောင်ဆောင်ရွက်ရန်၊ စက်ရုံရှိ စက်ပစ္စည်းကိရိယာများ ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်မှုများကို မှတ်တမ်းထားရှိရန်၊ပြုပြင်ပြီး စက်ပစ္စည်းကိရိယာများကိုလည်း ပျက်စီးမှုမရှိစေရေးအတွက် စစ်ဆေးစမ်းသပ်မောင်းနှင်မည့် အစီအမံများ ရေးဆွဲဆောင်ရွက်ရန်၊ စက်ရုံ၏ သံသတ္တုရိုင်းမှ သံစိမ်းထုတ်လုပ်မှုလုပ်ငန်းများအား မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်ရေးအတွက် ဝန်းထမ်းအားလုံး ညီညီညွတ်ညွှတ်ဖြင့် ကြိုးစားဆောင်ရွက်ရန်နှင့် အလုပ်ရုံခွဲများအလိုက် လုပ်ငန်းဆောင်ရွက်မှုအဆင့်ဆင့်တွင် စက်ပစ္စည်းများအား ကိုင်တွယ်မောင်းနှင်မှုနှင့် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းစဉ်များကို သတ်မှတ်ကာလအလိုက် ပုံမှန်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားသည်။
    ထို့နောက် ဒုတိယဝန်ကြီးသည် ပထမအဆင့် ရေတွန်းအလုပ်ရုံ၊ ဒုတိယအဆင့် ရေတွန်းအလုပ်ရုံ၊ ရေသန့်စင်အလုပ်ရုံ၊ စွန့်ပစ်အပူသုံးဘွိုင်လာတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

 

HOT NEWS
January 4,