စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့ရှိ အဝေးပြေးယာဉ်လိုင်းပိုင်ရှင်များနှင့် တွေ့ဆုံခြင်းနှင့် အဆင့်မြင့်ကားကြီးကွင်း တည်ဆောက်ပြီးစီးမှု ကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့ရှိ အဝေးပြေးယာဉ်လိုင်းပိုင်ရှင်များနှင့် တွေ့ဆုံခြင်းနှင့် အဆင့်မြင့်ကားကြီးကွင်း တည်ဆောက်ပြီးစီးမှု ကြည့်ရှုစစ်ဆေး


Sagaing Region Government/ Monywa / December 02, 2021
logo


မုံရွာ ဒီဇင်ဘာ ၂

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ကျော်ထွန်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်နှင့် တာဝန် ရှိသူများလိုက်ပါလျက် ဒီဇင်ဘာလ (၂)ရက် နံနက်ပိုင်းတွင် မုံရွာမြို့၊ မုံရွာတောင်ရပ်ကွက်ရှိ ယာဉ်ရပ်နားစခန်းသို့ ရောက်ရှိကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ယာဉ်ရပ်နားစခန်းအတွင်း ယာဉ်လိုင်းပိုင်ရှင်များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနုတ်ဆက်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့ကြီးများသို့ ခရီးသည်တင် မော်တော်ယာဉ်လိုင်း ပြေးဆွဲနေမှုနှင့် ကားဝန်းအတွင်း ယာဉ်ရပ်နားရမှုအခြေအနေများအား ယာဉ်လိုင်း ပိုင်ရှင်များမှ အသီးသီးတင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး ယာဉ်ရပ်နားစခန်းအတွင်း လှည့်လည်ကြည့်ရှု  စစ်ဆေးခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ နတ်လူထိပ်ပန်ရပ်ကွက်ရှိ အဆင့်မြင့်ကားကြီးကွင်း ရှင်းလင်းဆောင်၌ မုံရွာမြို့မှ အခြေပြုပြေးဆွဲနေသော ယာဉ်လိုင်းပိုင်ရှင်များနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကားပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က အဆင့်မြင့် အဝေးပြေးကားကြီးကွင်း တည်ဆောက်ပြီးစီးမှုအခြေအနေများအား ရှင်းလင်းတင်ပြပြီး အခမ်းအနားသို့ တက်ရောက်လာကြသော ယာဉ်လိုင်းပိုင်ရှင်များမှ မိမိတို့အဝေးပြေးယာဉ်လိုင်းများ ပြေးဆွဲနေမှုအခြေအနေများနှင့် အခက်အခဲများအား အသီးသီးဆွေးနွေးတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဆင့်မြင့်ကားကြီးကွင်း တည် ဆောက်ပြီးစီးမှု အခြေအနေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့ကြီးများသို့ ပြေးဆွဲနေသော အဝေးပြေးယာဉ်လိုင်းပြေးဆွဲနေမှုအခြေအနေ၊ အဆင့်မြင့်အဝေးပြေး ကားကြီးကွင်းအသစ်အတွင်းရှိ ယာဉ်ဂိတ်အခန်းများအား စနစ်တကျခွဲဝေရေး၊ ကားကြီးကွင်း အတွင်း သန့်ရှင်းသပ်ရပ်ရေးနှင့် ယာဉ် လိုင်းပိုင်ရှင်များမှ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် အဆင့်မြင့် အဝေးပြေးကားကြီးကွင်း တည်ဆောက်ပြီးစီးမှုအား လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ အဆင့်မြင့်အဝေးပြေးကားကြီးကွင်းသည် မုံရွာမြို့၊ နတ်လူထိပ်ပန်ရပ်ကွက်ရှိ မြေဧက (၈)ဧကအကျယ်တွင် အဝေးပြေးကားကြီးဂိတ် အခန်း ၃၀ ခန်း၊ စားသောက်ဆိုင်ခန်း ၁၆ခန်း၊ အများဆုံးသန့်စင်ခန်း၊ ယာဉ်ရပ်နားရန် နေရာနှင့် အဆင့်မြင့်ကားဝပ်ရှော့တို့ဖြင့် ဆောင်ရွက်ထားပြီး မုံရွာတောင်ရပ်ကွက်ရှိ ယာဉ်ရပ်နားစခန်းမှာ လွန်ခဲ့သော ၂၇ နှစ်က စတင်အသုံးပြုခဲ့ရာ ယာဉ်များပြားလာပြီး ရပ်နားရန် အခက်အခဲရှိလာခြင်းကြောင့် အဝေးပြေး ယာဉ်ကြီးများအား ယခု ရပ်နားစခန်းသို့ပြောင်းရွှေ့ပြီး  ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့မှစတင်ကာ စတင်ပြေးဆွဲ သွားမည် ဖြစ်ကြောင်းသတင်းရရှိသည်။

HOT NEWS
January 4,