စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်အတွင်း အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်ရန် ယဉ်ကျင်းကျေးရွာဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိနေသည့် အကြမ်းဖက်သမားများအား ဝင်ရောက်ဖမ်းဆီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်အတွင်း အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်ရန် ယဉ်ကျင်းကျေးရွာဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိနေသည့် အကြမ်းဖက်သမားများအား ဝင်ရောက်ဖမ်းဆီး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 14, 2022
image_latest


နေပြည်တော်၊ ဇန်နဝါရီ ၁၄

စစ်ကိုင်းတိုင်းဒေသးကြီး၊ ရေဦးမြို့နယ်အတွင်း အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ယဉ်ကျင်းကျေးရွာဘုန်းတော်ကြီးကျောင်း၌ရောက်ရှိနေသည့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ များအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ယနေ့မွန်းလွဲ ၁ နာရီခန့်တွင် သွားရောက်ချေမှုန်းဖမ်း ဆီးခဲ့သည်။

ဖြစ်စဉ်မှာ ရေဦးမြို့နယ်အတွင်း အဖျက်အမှောက်လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ယဉ်ကျင်းကျေးရွာဘုန်းတော်ကြီးကျောင်း၌ PDF အမည်ခံအကြမ်းဖက် သမားများ ရောက်ရှိ စုဝေးနေကြောင်း ဆူပူအကြမ်းဖက်မှုကို မလိုလားသည့် ကျေးရွာသားအချို့က သက်ဆိုင်ရာလုံခြုံရေး တပ်ဖွဲ့ဝင်များထံသို့ လျှို့ဝက်ဆက်သွယ် သတင်းပေးပို့လာသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ယနေ့မွန်းလွဲ ၁ နာရီခွဲခန့်တွင် သွားရောက်ချေမှုန်းတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများ ကျေးရွာ၏ တောင်ဘက်သို့ ဖရိုဖရဲဆုတ်ခွာထွက်ပြေး သွားခဲ့သည်။

ဖြစ်စဉ်တွင် အကြမ်းဖက်သမားများနေထိုင်ခဲ့သည့် ဘုန်းကြီးကျောင်းအတွင်းမှ လက်လုပ် တစ်ထောင့်တိုး သေနတ် ၂၀ လက်၊ ခါးချိုး ၁၂ ဗို့သေနတ် ၁ လက်၊ အီနာဂါ ဗုံးသီး ၁ လုံး၊ ကျည်မျိုးစုံ ၁၂၅ တောင့်၊ လက်လုပ်မိုင်း ၁၀ လုံး၊ လက်ပစ်ဗုံး ၂ လုံး၊ လမ်း လျှောက်စကားပြောစက် ၂ လုံး၊ မော်တော်ဆိုင်ကယ် ၂၀ စီး၊ မော်တော်ယာဉ် ၁ စီး၊ အကြမ်းဖက်မှု လုပ်ငန်းများတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်းများနှင့် ဒေသခံပြည်သူများထံမှ အတင်းအဓမ္မကောက်ခံထားသည့် ဆန်အိတ်များနှင့် ကြက်သွန်နီအိတ် များအား သိမ်းဆည်း ရမိခဲ့သည်။

အကြမ်းဖက်အဖွဲ့များဖြစ်သည့် CRPH၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက် သမားများသည် နိုင်ငံရေးအမည်ခံ ၎င်းတို့၏ကိုယ်ကျိုးစီးပွားအတွက် နိုင်ငံအတွင်း တည်ငြိမ် အေးချမ်းမှုမရှိစေရေးနှင့် တရားဥပဒေစိုးမိုးရေးကို ပျက်ပြားစေရန် ရည်ရွယ် ချက်များဖြင့် အကြမ်းဖက်တိုက်ခိုက်မှုများကို လုပ်ဆောင်ခြင်း၊ ၎င်းအကြမ်းဖက် လုပ်ငန်းများ လုပ်ဆောင်ရန်အတွက် အသုံးပြုမည့် လက်နက်/ခဲယမ်းများကို နည်းမျိုးစုံဖြင့် နိုင်ငံအတွင်းပို့ဆောင်၍ အများပြည်သူ ယုံကြည်ကိုးကွယ်ရာဖြစ်သော ဘုန်းတော်ကြီးကျောင်း အချို့အတွင်း သိုဝှက်သိမ်းဆည်းခြင်း၊ စခန်းချနေထိုင်ခြင်းများကို လုပ်ဆောင်၍ ဘာသာ၊ သာသနာတော်ညှိုးနွမ်းပျက်စီးပပျောက်ရေးကို ဦးတည်လုပ်ဆောင်လျက်ရှိရာ ကိုးကွယ် ယုံကြည်ရာ ဘာသာဝင်များအနေဖြင့် အသိတရားလက်ကိုင်ထား၍ သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ ဖော်ထုတ်ဖမ်းဆီးအရေးယူဆောင် ရွက်နေမှုများအပေါ် အထောက်အကူ ရရှိစေရန် အကြမ်းဖက်သမားများ၏ သတင်းများကို ရရှိပါက နီးစပ်ရာလုံခြုံရေး တပ်ဖွဲ့ဝင်များထံသို့ လျှို့ဝှက်သတင်းပေးပို့ကြပါရန် တိုက်တွန်းသတင်းထုတ်ပြန် အပ်ပါသည်။