စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား ၄ ဦးက “သိန်းတရာရွှေဆိုင်အား သေနတ်ပြခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းများအား လုယက်ယူဆောင်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား ၄ ဦးက “သိန်းတရာရွှေဆိုင်အား သေနတ်ပြခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းများအား လုယက်ယူဆောင်


Ministry of Information/ Naypyitaw / September 12, 2022
image_latest


နေပြည်တော် စက်တင်ဘာ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား ၄ ဦးက “သိန်းတရာ” ရွှေဆိုင်အား သေနတ်ပြခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းများအား လုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ဘုရားကြီးရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမီးပွိုင့်အနီးရှိ “သိန်းတရာ”ရွှေဆိုင်၌ လုယက်မှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက်နေ ဦးချစ်လှိုင်(၇၉)နှစ် (ဘ)ဦးဖေသွေး ပိုင်ဆိုင်သည့် “သိန်းတရာ”ရွှေဆိုင်သို့ သေနတ်များကိုယ်စီကိုင်ဆောင်ထားသည့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား ၄ ဦးခန့်က CRV အမျိုးအစား အနက်ရောင် မော်တော်ယာဉ်ဖြင့်ရောက်ရှိလာပြီး ဆိုင်အတွင်းရှိနေသည့် ဦးချစ်လှိုင်၏ သမီးဖြစ်သူ (၅၀)နှစ်နှင့် ဆိုင်ဝန်ထမ်းများဖြစ်ကြသည့် ဘုရားကြီးရပ်ကွက်နေ မနုနုယဉ် (၃၄)နှစ် (ဘ)ဦးအောင်မိုး၊ ကန်သာဦးရပ်ကွက်နေ မစန္ဒီလေးအောင်(၂၇)နှစ် (ဘ)ဦးလေးအောင်၊ သလ္လာရပ်ကွက်နေ မဖြိုးမွန်ငြိမ်း(၃၂)နှစ် (ဘ)ဦးငြိမ်းမောင်၊ နန္ဒဝန်ရပ်ကွက်နေ ဦးတင်ထွန်း(၅၃)နှစ် (ဘ) ဦးအောင်တို့အား သေနတ်ပြခြိမ်းခြောက်၍ မနော်ထူးအား ရွှေထည်ပစ္စည်းများသိမ်းဆည်းထားသည့် အခန်းအားဖွင့်ခိုင်းကာ အသင့်ယူဆောင်လာသည့် လက်ဆွဲအိတ် ၂ လုံးအတွင်းသို့ ရွှေလက်ကောက်နှင့် ရွှေဆွဲကြိုးမျိုးစုံ(စိစစ်ဆဲ)အားထည့်၍ လုယက်ယူဆောင်ကာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းလမ်းမှတစ်ဆင့် ဘုရားနီ လမ်းဘက်သို့ ၎င်းတို့မောင်းနှင်လာသည့် မော်တော်ယာဉ်ဖြင့် မောင်းနှင်ထွက်ပြေး သွားခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်မှ ရွှေဆိုင်အတွင်းဝင်ရောက်ကာ သေနတ်ပြခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းများ လုယက်ယူဆောင်သွားခဲ့သူ အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

 

HOT NEWS
January 4,