စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့၌ PDF အကြမ်းဖက်သမားများ၏ ရမ်းသန်းပစ်ခတ်ခဲ့မှုကြောင့် “အောင်တော်မူ”ဘုန်းကြီးကျောင်းမှ ခန်းနေဆရာတော်တစ်ပါးနှင့် အပြစ်မဲ့ပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိ

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့၌ PDF အကြမ်းဖက်သမားများ၏ ရမ်းသန်းပစ်ခတ်ခဲ့မှုကြောင့် “အောင်တော်မူ”ဘုန်းကြီးကျောင်းမှ ခန်းနေဆရာတော်တစ်ပါးနှင့် အပြစ်မဲ့ပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိ


Ministry of Home Affairs/ နေပြည်တော် / November 02, 2022


စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့၌ PDF အကြမ်းဖက်သမားများ၏ ပစ်ခတ်မှုကြောင့် “အောင်တော်မူ”ဘုန်းကြီးကျောင်းမှ ခန်းနေဆရာတော်တစ်ပါးနှင့် အပြစ်မဲ့ပြည်သူ တစ်ဦးတို့ ထိခိုက် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာလ ၃၀ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် တမူးမြို့၊ ဈေးတန်း (၁၀)ရပ်ကွက်နှင့် (၁၁)ရပ်ကွက်များသို့ PDF အကြမ်းဖက်သမားများက အကြမ်းဖက်အဖျက်အမှောင့် လုပ်ရပ်များပြုလုပ်ရန် ဝင်ရောက်လာကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်မှု နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်ရန်ထွက်ခွာလာခဲ့ရာ ဈေးတန်း(၁၀)ရပ်ကွက် “အောင်တော်မူ” ဘုန်းတော်ကြီးကျောင်းအနီးအရောက်၌ PDF အကြမ်းဖက်အဖွဲ့က လုံခြုံရေးတပ်ဖွဲ့ဝင်များအား စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အပြစ်မဲ့ပြည်သူများ ထိခိုက်မှု မရှိစေရေး အတွက် ထိတွေ့တိုက်ခိုက်မှု စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ထိန်းသိမ်း၍ ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ အကြမ်းဖက်အဖွဲ့မှာ “အောင်တော်မူ”ဘုန်းတော်ကြီးကျောင်း အနောက်ဘက်လမ်းမှတစ်ဆင့် မြန်မာ-အိန္ဒိယနှစ်နိုင်ငံ နယ်စပ်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။

ထိုသို့ ဆုတ်ခွာထွက်ပြေးစဉ် အကြမ်းဖက်အဖွဲ့က ဆုတ်ခွာရာလမ်းကြောင်းရှိ ပတ်ဝန်းကျင် လူနေရပ်ကွက်များအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့မှုကြောင့် “အောင်တော်မူ”ဘုန်းကြီးကျောင်းမှ ခန်းနေဆရာတော် ဉူးသုဒဿန သက်တော် (၄၂)နှစ်၊ ဝါတော် (၂၂)ဝါတွင် ဝဲလက်မောင်းနှင့် ဝဲတံတောင်ဆစ်တို့တွင်လည်းကောင်း၊ ဈေးတန်း(၁၁)ရပ်ကွက်နေ ကိုအောင်သီဟ (၂၈)နှစ်(ဘ)ဦးအောင်စိုးတွင် ဝမ်းဗိုက်တွင်လည်းကောင်း ကျည်ထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ပြီး တမူးမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။ 

ထို့သို့ ခန်းနေဆရာတော်တစ်ပါးနှင့် အပြစ်မဲ့ပြည်သူတစ်ဦးတို့အား ထိခိုက်ဒဏ်ရာရရှိအောင် လူနေရပ်ကွက်များအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့သည့် အကြမ်းဖက်သမားများအား ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များ နှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ 

HOT NEWS
January 4,