စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်နှင့် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တို့၌ လိုင်စင်မဲ့ မော်တော်ယာဉ် သုံးစီး ဖမ်းဆီးရမိ
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်နှင့် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တို့၌ လိုင်စင်မဲ့ မော်တော်ယာဉ် သုံးစီး ဖမ်းဆီးရမိ
Ministry of Home Affairs/ Nay Pyi Taw / March 06, 2025
၂၀၂၅ ခုနှစ်၊ မတ် ၂ ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်နှင့် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တို့၌ လိုင်စင်မဲ့မော်တော်ယာဉ် သုံးစီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ မတ် ၂ ရက် နံနက် ၈ နာရီ ၃၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ရတနာပုံတံတားပူးပေါင်းစစ်ဆေးရေးဂိတ်၌ စစ်ကိုင်းမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ယာဉ်စစ်ဆေးခြင်းဆောင်ရွက်နေစဉ် မန္တလေးမှ စစ်ကိုင်းမြို့သို့ ချင်းပြည်နယ်၊ ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်နေ တလွန်ပဲန်ထန်(၃၀)နှစ် မောင်းနှင်လာသည့် MDY-14/ 4D-XXXX PAJERO ခဲရောင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း သိရှိရသဖြင့် တလွန်ပဲန်ထန်အား စစ်ကိုင်းမြို့မရဲစခန်း (ပ)၈၄/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
အလားတူ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်လမ်းဆုံ စစ်ဆေးရေးဂိတ်၌ ကျိုက်ထိုခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မုပ္ပလင်လမ်းဆုံ စစ်ဆေးရေးဂိတ်အား ရှောင်ကွင်းလမ်းဖြစ်သည့် မုပ္ပလင်ကျေးရွာအနီး ဘူတာလမ်း၌ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ (၅)ရပ်ကွက်နေ အောင်ထွန်းဦး(၂၉)နှစ် မောင်းနှင်လာသည့် YGN-7/ RLG-XXXX HONDA Fit အနက်ရောင် မော်တော်ယာဉ်နှင့် (၁၅)ရပ်ကွက်နေ ဖြိုးဝေအောင်(၃၇)နှစ် မောင်းနှင်လာသည့် KYN-7/ RLG-XXXX HIJET အဖြူရောင် မော်တော်ယာဉ်တို့အား ရပ်တန့်စစ်ဆေးရာ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်များဖြစ်ကြောင်း သိရှိရသဖြင့် အောင်ထွန်းဦးတို့ နှစ်ဦးအား သိမ်ဇရပ်နယ်မြေရဲစခန်း၌ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် အသီးသီးအမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။