စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် နှစ်စီးဖမ်းဆီးအရေးယူ
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် နှစ်စီးဖမ်းဆီးအရေးယူ
Ministry of Home Affairs/ Nay Pyi Taw / May 24, 2025
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ မေ ၂၃ ရက်က လိုင်စင်မဲ့ မော်တော်ယာဉ် နှစ်စီးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ မေ ၂၃ ရက် နံနက် ၆ နာရီ ၄၅ မိနစ်တွင် စစ်ကိုင်းမြို့နယ်၊ ရတနာပုံတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ စစ်ကိုင်းခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်စစ်ဆေး ခြင်းများဆောင်ရွက်နေစဉ် မန္တလေးမြို့ဘက်မှ မုံရွာမြို့ဘက်သို့ အောင်မြေသာစံမြို့နယ်နေ ကျော်ဇင်သန့် (၃၃)နှစ် မောင်းနှင်လာသည့် YGN-17 RLG-XXXX NISSAN AD Van အဖြူရောင်ယာဉ်နှင့် အမရပူရ မြို့နယ်၊ ကျံတန်းရပ်ကွက်နေ ချမ်းမြေ့အောင်(၃၃)နှစ် မောင်းနှင်ပြီး ပျော်ဘွယ်မြို့နယ်နေ ဦးညွန့်လှိုင် (၄၆)နှစ် လိုက်ပါလာသည့် YGN-3 7B-XXXX CANTER အဖြူရောင်မော်တော်ယာဉ်တို့အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ကျော်ဇင်သန့်၊ ချမ်းမြေ့အောင်နှင့် ညွန့်လှိုင်တို့ သုံးဦးအား စစ်ကိုင်း မြို့မရဲစခန်း၌ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အသီးသီးအမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိပါသည်။