စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူများအား ဖမ်းဆီးအရေးယူ
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူများအား ဖမ်းဆီးအရေးယူ
Ministry of Home Affairs/ နေပြည်တော် / July 26, 2025
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၅ ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူများအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၂၅ ရက် မွန်းလွဲ ၂ နာရီ ၅ မိနစ်တွင် ရွှေဘိုမြို့၊ အမှတ်(၁၁၆)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ရွှေဘို)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ရွှေဘိုမြို့၊ အမှတ်(၇)ရပ်ကွက်၊ ဆုတောင်းပြည့်ဘုရားအနီးတွင် ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မဟာအောင်မြေမြို့နယ်နေ သက်ထွန်းဦး(ခ)ကိုသက်(၄၅)နှစ်အား လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် တစ်စီးဖြင့်လည်းကောင်း၊ အလားတူ အမှတ်(၇)ရပ်ကွက်နေ ကျော်ကျော်နိုင်(ခ)ဦးကျော်(၅၅)နှစ်အား လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် တစ်စီးဖြင့်လည်းကောင်း။
အလားတူ မွန်းလွဲ ၂ နာရီ ၂၅ မိနစ်တွင် ရွှေဘိုမြို့၊ အမှတ်(၃)ရပ်ကွက်၊ လမ်းလယ်ဘုရားလမ်းတွင် ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် အဆိုပါရပ်ကွက်နေ မြင့်ကျော်(ခ)မြင့်ကြောင်(၅၂)နှစ်အား လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် တစ်စီးဖြင့်လည်းကောင်း။
အလားတူ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် ရွှေဘိုမြို့၊ အမှတ်(၆)ရပ်ကွက်၊ ဟုတ်စိန်ကွေ့တွင် ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ဝက်လက်မြို့နယ်၊ ကျောက်တိုင်ကျေးရွာနေ ဒေါ်သန်းပို(၆၁)နှစ်အား လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် တစ်စီးဖြင့်လည်းကောင်း ဖမ်းဆီးရမိခဲ့သဖြင့် သက်ထွန်းဦး(ခ)ကိုသက်ပါ လေးဦးအား သက်ဆိုင်ရာရဲစခန်းများ၌ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် အသီးသီး အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။