စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်နှင့် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တို့၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူများအား ဖမ်းဆီးအရေးယူ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်နှင့် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တို့၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူများအား ဖမ်းဆီးအရေးယူ


Ministry of Home Affairs/ နေပြည်တော် / September 03, 2025


     ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁ ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်နှင့် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တို့၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူများအား ဖမ်းဆီး အရေးယူထားကြောင်း သိရသည်။

     ဖြစ်စဉ်မှာ စက်တင်ဘာ ၁ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၌ အမှတ်(၁၁၆)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များက ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ရွှေဘိုမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်နေ မဝါဝါထွန်း (ခ)ဝေဝေဦး(၂၃)နှစ်အား လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် တစ်စီးဖြင့် လည်းကောင်း။ 

     အလားတူ ညနေ ၅ နာရီ ၃၀ မိနစ်တွင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ညောင်ကိုင်း ကျေးရွာအနီး ပြည်ထောင်စုလမ်းမကြီးပေါ်၌ မိုးညှင်းခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မိုးညှင်းမြို့နယ်၊ နန့်ပုတ်ကျေးရွာနေ မင်းဇင်(၃၈)နှစ်၊ နုံးချိုကျေးရွာနေသူများဖြစ်ကြသည့် နိုင်လင်း(၂၉)နှစ်၊ ကျော်သူရှိန်(၃၅)နှစ်နှင့် စိုးထက်ဦး(၃၀)နှစ်တို့အား လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များဖြင့် ဖမ်းဆီးရမိခဲ့သဖြင့် မိုးညှင်းမြို့မ ရဲစခန်း၌ လည်းကောင်း ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။