စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်တို့၌ လိုင်စင်မဲ့ မော်တော်ယာဉ် သုံးစီး ဖမ်းဆီးအရေးယူ

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်တို့၌ လိုင်စင်မဲ့ မော်တော်ယာဉ် သုံးစီး ဖမ်းဆီးအရေးယူ


Ministry of Home Affairs/ နေပြည်တော် / September 24, 2025


     ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၃ ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်တို့၌ လိုင်စင်မဲ့ မော်တော်ယာဉ် သုံးစီး ဖမ်းဆီး အရေးယူထားကြောင်း သိရသည်။

     ဖြစ်စဉ်မှာ စက်တင်ဘာ ၂၃ ရက် ညနေ ၆ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ အမှတ်(၁၀၆)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ရတနာပုံတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ မော်တော်ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ရှမ်းပြည်နယ်၊ ပင်းတယမြို့နယ်၊ အင်းငယ်ကျေးရွာနေ အောင်သူ(၂၆)နှစ် မောင်းနှင်လာသည့် MDY-18/RLG-XXXX NISSAN X-TRAIL မော်တော်ယာဉ်နှင့် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ဥတည်ကျေးရွာအုပ်စု၊ ဒေသအခေါ် ပေါ်တော်မူကွက်သစ်ရပ်နေ ဇင်မောင်မောင်(၃၇)နှစ် မောင်းနှင်လာသည့် MDY-10/ 6F-XXXX DAIHATSU HIJET မော်တော်ယာဉ်တို့အား ရပ်တန့်စစ်ဆေးခဲ့ရာ မော်တော်ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ မော်တော်ယာဉ်များဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အောင်သူနှင့် ဇင်မောင်မောင်တို့ နှစ်ဦးအား စစ်ကိုင်းမြို့မရဲစခန်း၌ လည်းကောင်း။

     အလားတူ နံနက် ၁၀ နာရီတွင် ကော့သောင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ အေးမြကန်သာရပ်ကွက်၊ ဗိုလ်ချုပ်လမ်းပေါ်၌ မော်တော်ယာဉ် စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကမာချောင်းကျေးရွာနေ မင်းသူ(၃၉)နှစ် မောင်းနှင်လာသည့် BGO-11/3P-XXXX ISUZU D-MAX မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ မော်တော်ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ မော်တော်ယာဉ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် မင်းသူ အား ကော့သောင်းမြို့မရဲစခန်း၌ လည်းကောင်း ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အသီးသီး အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

HOT NEWS
January 4,