စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေး-မော်လိုက်သွား ကားလမ်းမပေါ်ရှိသံကူကွန်ကရစ်အမျိုးစား ပလူဇဝ တံတားကြမ်းခင်းအား PDF အမည်ခံအကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေး-မော်လိုက်သွား ကားလမ်းမပေါ်ရှိသံကူကွန်ကရစ်အမျိုးစား ပလူဇဝ တံတားကြမ်းခင်းအား PDF အမည်ခံအကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီး


Ministry of Information/ Naypyitaw / November 05, 2025
image_latest


နေပြည်တော်  နိုဝင်ဘာ ၅

PDF အမည်ခံအကြမ်းဖက်သမားများနှင့်ပူးပေါင်းအဖွဲ့များသည် ဒေသကောင်းစားရေးဟုသုံးနှုန်း၍ အမှန်တကယ်တွင် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်နှင့်ဒေသတွင်းကုန်စည်စီးဆင်းမှုများ ပျက်ပြားစေရန်ရည်ရွယ်၍ အများပြည်သူသွားလာအသုံးပြုလျက်ရှိသည့် လမ်း၊တံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းများနှင့်မီးရှို့ဖျက်ဆီးခြင်းများစသည့် အဖျက်အမှောက်လုပ်ငန်းများကို ယုတ်မာရိုင်းစိုင်းစွာဥပဒေမဲ့ ကျူးလွန်လျက်ရှိသည်။

ထိုသို့လုပ်ဆောင်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နှင့်မော်လိုက်မြို့ကို ဆက်သွယ်ထားသည့် ကလေး-မော်လိုက်သွားကားလမ်းမပေါ်ရှိ အများပြည်သူသွားလာအသုံးပြုလျက်ရှိသော အရှည် ပေ ၃၀၀၊ အကျယ် ၁၈ ပေရှိ သံကူကွန်ကရစ်အမျိုးစား ပလူဇဝတံတားအား PDF အမည်ခံအကြမ်းဖက်သမားများက အောက်တိုဘာ ၃၀ ရက်တွင် မီးရှို့ဖျက်ဆီးခဲ့သဖြင့် တံတား၏တောင်ဘက်ခြမ်းကြမ်းခင်း ၁၀ ပေခန့် မီးလောင်ပျက်စီးခဲ့ရာ အများပြည်သူများဖြတ်သန်းသွားလာနိုင်ခြင်းမရှိဘဲ အခက်အခဲများဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။

သို့ဖြစ်၍ နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များက ခရီးသွားအများပြည်သူများ အဆင်ပြေချောမွေ့စွာသွားလာနိုင်ရေးအတွက် PDF အမည်ခံအကြမ်းဖက်သမားများမီးရှို့ဖျက်ဆီးခဲ့မှုကြောင့် ပျက်စီးသွားသော ပလူဇဝတံတားကြမ်းခင်းအား အမြန်ဆုံးပြန်လည်ပြင်ဆင်ခြင်းများဆောင်ရွက်ပေးခဲ့ရာ အောက်တိုဘာ ၃၁ ရက်တွင်ပြီးစီးခဲ့သဖြင့် ကလေး-မော်လိုက်သွားကားလမ်းမပေါ်၌ အများပြည်သူများ၊ မော်တော်ယာဉ်များ ပုံမှန်အတိုင်းဖြတ်သန်းသွားလာလျက်ရှိကြောင်း သတင်းရရှိသည်။

HOT NEWS
January 4,