စစ်ဆင်ရေးကွပ်ကဲရေးမှူးတစ်ဦး တိုက်ပွဲကျခဲ့သည်ဟု ပြည်ဖျက်မီဒီယာများက သတင်းအတု၊ သတင်းအမှားများရေးသားဖြန့်ဝေ
စစ်ဆင်ရေးကွပ်ကဲရေးမှူးတစ်ဦး တိုက်ပွဲကျခဲ့သည်ဟု ပြည်ဖျက်မီဒီယာများက သတင်းအတု၊ သတင်းအမှားများရေးသားဖြန့်ဝေ
Ministry of Information/ Naypyitaw / December 09, 2023

နေပြည်တော် ဒီဇင်ဘာ ၈
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကိုးကန့်ဒေသတိုက်ပွဲများတွင် တပ်မတော်မှ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်အောင်ဇော်လင်းသည် ပစ်ခတ်ခံရ၍ သေဆုံးသွားပြီဟု တရားမဝင် ပြည်ဖျက်မီဒီယာတစ်ခုဖြစ်သည့် Khit Thit မီဒီယာအပါအဝင် ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်စာမျက်နှာများပေါ်၌ မဟုတ်မမှန် လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းမှာ မှန်ကန်မှုမရှိကြောင်း၊ ဗိုလ်မှူးချုပ် အောင်ဇော်လင်းသည် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များ၏ စစ်ဆင်ရေးတာဝန်များကို ကွပ်ကဲကြပ်မတ်လျက်ရှိကြောင်းနှင့် တရားမဝင် ပြည်ဖျက်မီဒီယာများက တပ်မတော်၏ ဂုဏ်သိက္ခာကျဆင်းစေရန်နှင့် တိုက်ပွဲဝင် တပ်မတော်သားများ စိတ်ဓာတ်ကျဆင်းစေရန်အတွက်လည်းကောင်း၊ တပ်မတော်အပေါ် ပြည်သူများမှ အထင်အမြင်လွဲမှားစေရန်နှင့် ယုံကြည်မှုလျော့နည်းစေရန် အတွက်လည်းကောင်း ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ကြံဝါဒဖြန့်ခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်