စစ်ဆင်ရေးကွပ်ကဲရေးမှူးတစ်ဦး တိုက်ပွဲကျခဲ့သည်ဟု ပြည်ဖျက်မီဒီယာများက သတင်းအတု၊ သတင်းအမှားများ ရေးသားဖြန့်ဝေ

စစ်ဆင်ရေးကွပ်ကဲရေးမှူးတစ်ဦး တိုက်ပွဲကျခဲ့သည်ဟု ပြည်ဖျက်မီဒီယာများက သတင်းအတု၊ သတင်းအမှားများ ရေးသားဖြန့်ဝေ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / December 08, 2023
image_latest


နေပြည်တော် ဒီဇင်ဘာ ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ဒေသတိုက်ပွဲများတွင် တပ်မတော်မှစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် အောင်ဇော်လင်းသည် ပစ်ခတ်ခံရ၍ သေဆုံးသွားပြီဟု တရားမဝင်ပြည်ဖျက်မီဒီယာတစ်ခုဖြစ်သည့် Khit Thit မီဒီယာ အပါအဝင် ပြည်ဖျက်မီဒီယာများက လူမှုကွန်ယက်စာမျက်နှာများပေါ်၌ မဟုတ်မမှန် လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းမှာ မှန်ကန်မှုမရှိကြောင်း၊ ဗိုလ်မှူးချုပ် အောင်ဇော်လင်းသည် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များအား စနစ်တကျ ကွပ်ကဲလျက်ရှိကြောင်းနှင့်  တရားမဝင်ပြည်ဖျက်မီဒီယာများက  တပ်မတော်၏ ဂုဏ်သိက္ခာကျဆင်းစေရန်နှင့် တိုက်ပွဲဝင်တပ်မတော်သားများ စိတ်ဓာတ်ကျဆင်းစေရန်အတွက်လည်းကောင်း၊ တပ်မတော်အပေါ်ပြည်သူများမှ အထင်အမြင်လွှဲမှားစေရန်နှင့် ယုံကြည်မှုလျော့နည်း စေရန်အတွက်လည်းကောင်း ရည်ရွယ်ချက်ရှိရှိဖြင့်  လုပ်ကြံဝါဒဖြန့်ခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။