စစ်ဆေးအကဲဖြတ်သူနည်းစနစ်သင်တန်းဖွင့်ပွဲ ကျင်းပ
စစ်ဆေးအကဲဖြတ်သူနည်းစနစ်သင်တန်းဖွင့်ပွဲ ကျင်းပ
Ministry of Information/ Naypyitaw / July 29, 2025

ရန်ကုန် ဇူလိုင် ၂၈
မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ဥက္ကဋ္ဌ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ရန်ကုန်တိုင်းဒေသကြီးရှိ အလုပ်သမားရေးရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကင်းမြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း) ၌ ကျင်းပသည့် စစ်ဆေးအကဲဖြတ်သူနည်းစနစ်သင်တန်း (Assessor Methodo-logy Training) ဖွင့်ပွဲသို့ တက်ရောက်သည်။
ဖွင့်ပွဲတွင် ဒုတိယဝန်ကြီးက သင်တန်းသားများအနေဖြင့် သင်တန်းဆင်းပြီးနောက် NSSA အသိအမှတ်ပြု Assessment Center များတွင် On the Job Training တစ်ကြိမ်၊ Volunteer Assessor အဖြစ် တစ်ကြိမ် စုစုပေါင်းနှစ်ကြိမ် မပျက်မကွက် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပြီး သက်ဆိုင်ရာ အလုပ်အကိုင်များမှ Chief Assessor ၏ ထောက်ခံမှု၊ သက်ဆိုင်ရာအလုပ်အကိုင်ကျွမ်းကျင်မှုစံသတ်မှတ်ရေးကော်မတီ၏ ထပ်ဆင့်ထောက်ခံမှု၊ မိမိတို့သွားရောက်ပူးပေါင်း ဆောင်ရွက်ခဲ့သော Assessment Center မှ OJT နှင့် Volunteer Assessor အဖြစ် လာရောက်ဆောင်ရွက်ခဲ့ကြောင်း ထောက်ခံမှုများအပေါ် NSSA မှ Assessor အဖြစ် အသိအမှတ်ပြုတာဝန်ပေးအပ်မည်ဖြစ်ကြောင်း။
သင်တန်းသားများအနေဖြင့် မိမိတို့လုပ်ကိုင်ဆောင်ရွက်ကြမည့် အလုပ်အကိုင်များအပေါ် အမှန်တကယ်ကျွမ်းကျင်မှုရှိရန်လိုအပ်ကြောင်း၊ အလုပ်အကိုင်နှင့်ပတ်သက်သော နည်းပညာများ၊ ခေတ်အလိုက် ပြောင်းလဲတိုးတက်သည့် နည်းပညာများကို စဉ်ဆက်မပြတ်လေ့လာရန်နှင့် NSSA က ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကို သေချာလေ့လာမှတ်သား၍ Assessor အသိအမှတ်ပြု လက်မှတ်များရရှိပါက NSSA ၏ ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးလုပ်ငန်းစဉ်များတွင် တက်ကြွ စွာပါဝင်ဆောင်ရွက်ရန် တိုက်တွန်း ပြောကြားသည်။
ထို့နောက် ကမာရွတ်မြို့နယ် ရှိ NSSA အသိအမှတ်ပြု M Hospitality & Tourism Institute (MHTI) ၌ အစားအသောက် ဧည့်ခံကျွေးမွေးခြင်းသင်တန်းနှင့် အိပ်ခန်းဆောင် ထိန်းသိမ်းခြင်းသင်တန်းဖွင့်လှစ်ပို့ချနေမှုကိုလည်းကောင်း၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် ရွှေလင်ပန်းစက်မှုဇုန်ရှိ Hang Kei (Myanmar)Garment Co.,Ltd၊ Yuan Hong Garment Co.,Ltd အထည်ချုပ်စက်ရုံနှင့် Noatex Starry Myanmar Co.,Ltd အိတ်ချုပ်စက်ရုံများကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက လိုက်နာဆောင်ရွက်ရန် လိုအပ်သည့် လုပ်ငန်းပိုင်းဆိုင်ရာများကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်