စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်နှင့် တပ်မတော်ဆေးတက္ကသိုလ်တို့မှ ဗိုလ်လောင်းများ လေ့လာရေးခရီးသွားရောက်

စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်နှင့် တပ်မတော်ဆေးတက္ကသိုလ်တို့မှ ဗိုလ်လောင်းများ လေ့လာရေးခရီးသွားရောက်


Ministry of Information/ Naypyitaw / October 15, 2024
image_latest


နေပြည်တော် အောက်တိုဘာ ၁၅

စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၆၆) တပ်မတော်ဆေးတက္ကသိုလ် ဆေးပညာဘွဲ့ ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၆)နှင့် သွားဘက်ဆိုင်ရာ ဆေးပညာဘွဲ့ ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၇)၊ တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၆)တို့မှ ဗိုလ်လောင်းများသည် နည်းပြအုပ်ချုပ်သူများ လိုက်ပါ၍ အောက်တိုဘာ ၇ ရက်မှ ယနေ့အထိ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နှင့် နေပြည်တော်ကောင်စီနယ်မြေများသို့ လေ့လာရေးခရီးသွားရောက်ခဲ့ပြီး ၎င်းမြို့များရှိ အထင်ကရနေရာများ၊ စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက်လေ့လာကြကာ တန်ခိုးကြီး ဘုရားစေတီများအား သွားရောက်ဖူးမြော်ကြည်ညိုကြသည်။

ထိုသို့လေ့လာခဲ့ကြရာတွင် မိတ္ထီလာမြို့ရှိတပ်မတော်စက်ရုံများကိုလည်းကောင်း၊ နေပြည်တော်ကောင်စီနယ်မြေရှိ တပ်မတော်စစ်သမိုင်းပြတိုက်နှင့် တပ်မတော်ဆေးရုံများသို့လည်းကောင်း သွားရောက်လေ့လာခဲ့ကြရာ တာဝန်ရှိသူများက ဗိုလ်လောင်းများ၏ သိရှိလိုသည့် မေးမြန်းချက်များအပေါ် ရှင်းလင်းပြောကြားသည်။

အဆိုပါဗိုလ်လောင်းအဖွဲ့များသည် လေ့လာရေးကာလအတွင်း၌ မိတ္ထီလာမြို့ရှိ တန်ခိုးကြီးဘုရား၊ စေတီပုထိုးများကိုလည်းကောင်း၊ နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးနှင့် ဥပ္ပါတသန္တိစေတီတော်ကိုလည်းကောင် သွားရောက်လေ့လာဖူးမြော် ကြည်ညိုခဲ့ကြကြောင်း သတင်းရရှိသည်။