စစ်တက္ကသိုလ် အဆင့်မြင့်စာပေပညာဗဟိုဌာနတွင် သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ဖရင့် (၂၀၂၂) ကျင်းပ

စစ်တက္ကသိုလ် အဆင့်မြင့်စာပေပညာဗဟိုဌာနတွင် သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ဖရင့် (၂၀၂၂) ကျင်းပ


Ministry of Information/ Naypyitaw / October 28, 2022
image_latest


နေပြည်တော် အောက်တိုဘာ ၂၇

တပ်မတော်အနေဖြင့် သိပ္ပံနှင့်နည်းပညာဆိုင်ရာများ အထောက်အကူပြုနိုင်ရန်နှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေ ရန်ရည်ရွယ်၍ သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ဖရင့် (၂၀၂၂) (Conference on Science and Technology Development – 2022) (CSTD-2022) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်တပ်နယ် စစ်တက္ကသိုလ် အဆင့်မြင့်စာပေ ပညာဗဟိုဌာန ငါးထပ်စာသင်ဆောင်ရှိ Multifunction Hall ၌ ကိုဗစ်-၁၉ ရောဂါ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ကျင်းပသည်။

ဦးစွာ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးက အဖွင့်အမှာစကား ပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာ ကြသူများနှင့်အတူ တင်သွင်း ခင်းကျင်းပြသထားသည့် သိပ္ပံနှင့် နည်းပညာဆိုင်ရာ ပိုစတာ ၂၃ စောင်ကို လှည့်လည်ကြည့်ရှု စစ်ဆေးရာ ပိုစတာရှင်များက ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ဖိတ်ကြားထားသော ပါမောက္ခများ၏ စာတမ်းနှစ်စောင် သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနစာတမ်း ၆၃ စောင် စုစုပေါင်း ၆၅ စောင် ဖတ်ကြားသည်။

သိပ္ပံနှင့် နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ဖရင့် (၂၀၂၂)ကို အောက်တိုဘာ ၂၈ ရက် အထိ ကျင်းပသွားမည်ဖြစ်ပြီး ဖိတ်ကြားထားသော ပါမောက္ခများ၏ စာတမ်းနှစ်စောင် သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနစာတမ်း ၅၆ စောင် စာတမ်း စုစုပေါင်း ၅၈ စောင် ဆက်လက်ဖတ်ကြားသွားမည်ဖြစ်ပြီး အကောင်းဆုံးစာတမ်း ခုနစ်ဆုနှင့် အကောင်းဆုံးပိုစတာ နှစ်ဆုချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။

သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ဖရင့်ကို ၂၀၁၆ ခုနှစ်မှစပြီး နှစ်စဉ်ကျင်းပခဲ့သည်။ ၂၀၂၀ ပြည့်နှစ်တွင် ကိုဗစ်- ၁၉ ကပ်ရောဂါကြောင့် ကျင်းပ နိုင်ခဲ့ခြင်းမရှိဘဲ ၂၀၂၁ ခုနှစ်တွင် ကိုဗစ် - ၁၉ ရောဂါ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ပြန်လည်ကျင်းပခဲ့ပြီး ယခုအကြိမ်သည် ဆဋ္ဌမအကြိမ်မြောက် ကျင်းပသည့် ကွန်ဖရင့်ဖြစ်သည်။

အဆိုပါကွန်ဖရင့်သို့ အလယ် ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦး၊ တပ်မတော် တက္ကသိုလ်များမှ ကျောင်းအုပ်ကြီးများ၊ ပါမောက္ခချုပ်များနှင့်အရာရှိများ၊ အရပ်ဘက်တက္ကသိုလ်များမှ ပါမောက္ခများ၊ တပ်နယ်မှ မဟာဘွဲ့နှင့်ပါရဂူဘွဲ့သင်တန်း တက်ရောက်နေသော သင်တန်းသား အရာရှိများ၊ ဗိုလ်လောင်းများနှင့် ဖိတ်ကြားထားသော ဧည့်သည် တော်များ၊ ကိုယ်တိုင်လာရောက် စာတမ်းမဖတ်ကြားနိုင်သော Keynote Speaker များ၊ အရပ်ဘက် တက္ကသိုလ်များမှ ပါမောက္ခချုပ်များနှင့် ပါမောက္ခများက ဗီဒီယိုကွန်ဖရင့်ဖြင့် အခမ်းအနားသို့ တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,