စဉ့်ကူးမြို့နယ်၊ ခတတ်ချဉ်ကျေးရွာအုပ်စုရှိ စိုက်ပျိုးရေးဦးစီးဌာန(ကော်ဖီ၊ ရာသီ သီးနှံဌာနခွဲ)မှ ပြန်လည်စွန့်လွှတ်အပ်နှံသည့် မြေယာများအားတောင်သူများသို့ ယာယီလုပ်ပိုင်ခွင့်လက်မှတ်(ပုံစံ-၃) လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ

စဉ့်ကူးမြို့နယ်၊ ခတတ်ချဉ်ကျေးရွာအုပ်စုရှိ စိုက်ပျိုးရေးဦးစီးဌာန(ကော်ဖီ၊ ရာသီ သီးနှံဌာနခွဲ)မှ ပြန်လည်စွန့်လွှတ်အပ်နှံသည့် မြေယာများအားတောင်သူများသို့ ယာယီလုပ်ပိုင်ခွင့်လက်မှတ်(ပုံစံ-၃) လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ


Ministry of Information/ Naypyitaw / January 23, 2021
image_latest


စဉ့်ကူး ဇန်နဝါရီ ၂၃

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့ အမှတ် (၂)ရပ်ကွက်ရှိမြို့နယ်စည်ပင်သာယာခန်းမတွင် ယမန်နေ့နံနက် ၉ နာရီအချိန်၌  ခတတ်ချဉ် ကျေးရွာအုပ်စု စိုက်ပျိုးရေးဦးစီးဌာန (ကော်ဖီရာသီ) သီးနှံဌာနခွဲမှ ပြန်လည်စွန့်လွှတ်အပ်နှံသည့် မြေယာများအား တောင်သူများသို့ယာယီလုပ်ပိုင်ခွင့် လက်မှတ် ပုံစံ (၃) လွှဲပြောင်းပေးအပ်ပွဲ အခမ်း အနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့်  တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စဉ့်ကူးမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ တောင်သူကိုယ်စားလှယ်များ စုစုပေါင်းအင်အား (၃၀)ဦး တက်ရောက်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့် မောင်မှ အဖွင့်အမှာစကား ပြောကြားပြီးနောက် မူလတောင်သူများထံ ယာယီလုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ (၃)များကို တောင်သူများ ကိုယ်စား ဦးလှမင်းထံသို့ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးအောင် ကြည်မှ တောင်သူများကိုယ်စား၊ ဦးဗိုလ်သန်းထံသို့လည်းကောင်း၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးမျိုးသစ် မှတောင်သူများကိုယ်စား ဦးကျော်လင်းထံသို့လည်းကောင်း၊ စိုက်ပျိူးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်းက တောင်သူများ ကိုယ်စား ဦးအောင်မျိုးထံသို့လည်းကောင်း ယာယီလုပ်ပိုင်ခွင့်ပြု လက်မှတ် ပုံစံ(၃)များ အသီးသီ းပေးအပ်ခဲ့သည်။

ထို့နောက်ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၃)ရရှိသည့် တောင်သူများကိုယ်စား ဦးလှမင်းမှ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရှိရသည်။

တင်တင်နု (စဉ့်ကူး)

HOT NEWS
January 4,