စာပေဗိမာန်စာအုပ်အသင်း စာအုပ်ဖြန့်ချိ
စာပေဗိမာန်စာအုပ်အသင်း စာအုပ်ဖြန့်ချိ
Ministry of Information/ Naypyitaw / September 15, 2025

နေပြည်တော် စက်တင်ဘာ ၁၄
ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်စာအုပ်အသင်းက ပခုက္ကူစာပေဆုဝတ္ထုတိုပေါင်းချုပ် ပထမဆုရ “အမေ့သား(နတ်မောက်)” ရေးသားသည့် “မုသားချိုချိုနှင့် အခြားဝတ္ထုတိုများ” စာအုပ်ကို ၂၀၂၅ ခုနှစ် စက်တင်ဘာလ အသင်းပေးစာအုပ်အဖြစ် စာအုပ်အသင်းဝင်များထံသို့ ဖြန့်ချိလျက်ရှိသည်။ ရန်ကုန်မြို့ရှိ စာအုပ်အသင်းဝင်များသည် အမှတ် (၅၂၉/၅၃၁) ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်အသင်းတွင် လာရောက်ထုတ်ယူနိုင်ပြီး ကျန်အသင်းဝင်များသို့ စာတိုက်မှတစ်ဆင့် ပေးပို့လျက်ရှိသည်။
စာပေဗိမာန်စာအုပ်အသင်းဝင်လိုပါက အတွင်းရေးမှူး၊ စာပေဗိမာန်စာအုပ် အသင်းအမှတ် (၅၂၉ /၅၃၁) ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁-၂၄၉၀၃၁၊ ၃၈၁၄၄၈ သို့ လိပ်မူ၍ ဆက်သွယ်နိုင်ကြောင်း သိရသည်။
သတင်းစဉ်