ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ထိန်းသိမ်းထားသော ရေလှောင်တမံနှင့် ရေထိန်းတမံများ ကြံ့ခိုင်မှုကောင်းမွန်လျက်ရှိပြီး စိုးရိမ်ရန်မရှိ
ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ထိန်းသိမ်းထားသော ရေလှောင်တမံနှင့် ရေထိန်းတမံများ ကြံ့ခိုင်မှုကောင်းမွန်လျက်ရှိပြီး စိုးရိမ်ရန်မရှိ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / October 30, 2024
နေပြည်တော် အောက်တိုဘာ ၂၉
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ထိန်းသိမ်းထားသော ရေလှောင်တမံနှင့် ရေထိန်းတမံ စုစုပေါင်း ၁၂ ခုရှိရာ အောက်တိုဘာ ၂၉ ရက်၌ ပေါင်းလောင်းရေလှောင်တမံတွင် HED ရေတံခါး အချပ် ၂၀ ထောင်ထားသည်။
အဆိုပါရေလှောင်တမံများ၏ ကြံ့ခိုင်မှုအခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး တာဝန်ကျဝန်ထမ်းများကို ၂၄ နာရီ ရေကင်းတာဝန်ချထား၍ အနီးကပ်စောင့်ကြပ်စစ်ဆေးလျက်ရှိပြီး စိုးရိမ်ရန်မရှိကြောင်း သိရသည်။
သတင်းစဉ်