ဆဋ္ဌသင်္ဂါယနာတင် ဋီကာကျမ်းစာအုပ် ၂၆ အုပ်တို့ကို ဆဋ္ဌမူအတိုင်း စာလုံးအရေအတွက်နှင့် စာမျက်နှာပြောင်းလဲမှုမရှိစေဘဲ ကွန်ပျူတာစာစီမူဖြင့် ပြန်လည်ပုံနှိပ်ထုတ်ဝေနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
ဆဋ္ဌသင်္ဂါယနာတင် ဋီကာကျမ်းစာအုပ် ၂၆ အုပ်တို့ကို ဆဋ္ဌမူအတိုင်း စာလုံးအရေအတွက်နှင့် စာမျက်နှာပြောင်းလဲမှုမရှိစေဘဲ ကွန်ပျူတာစာစီမူဖြင့် ပြန်လည်ပုံနှိပ်ထုတ်ဝေနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Ministry of Religious Affairs & Culture/ Naypyitaw / January 23, 2025
ဆဋ္ဌသင်္ဂါယနာတင် ဋီကာကျမ်းစာအုပ် ၂၆ အုပ်တို့ကို ဆဋ္ဌမူအတိုင်း စာလုံးအရေအတွက်နှင့် စာမျက်နှာပြောင်းလဲမှုမရှိစေဘဲ ကွန်ပျူတာစာစီမူဖြင့် ပြန်လည်ပုံနှိပ်ထုတ်ဝေနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၂-၁-၂၀၂၅ ရက်နေ့၊ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေးသို့ နေပြည်တော်၊ ပျဉ်းမနားမြို့၊ ပါဠိတက္ကသိုလ်မင်္ဂလာဇေယျုံကျောင်းတိုက် ပဓာန နာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိမလဗုဒ္ဓိ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အဖွဲ့ဝင်၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ အောင်စည်သာပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တဝိစက္ခဏ၊ လုပ်ငန်းကော်မတီအဖွဲ့ ဥက္ကဋ္ဌဆရာတော် အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓ သာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဒေါက်တာ ဘဒ္ဒန္တဆေကိန္ဒ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဆရာတော် ဘဒ္ဒန္တကုမာရ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ်ဆရာတော် ဘဒ္ဒန္တကေသရ နှင့် ဆရာတော် သံဃာတော်များ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးတင်ဦးလွင်နှင့် တာဝန်ရှိသူများ တက်ရောက်ပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး နေပြည်တော်၊ ပျဉ်းမနားမြို့၊ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံကျောင်းတိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိမလဗုဒ္ဓိ အမှူးပြုသော ဆရာတော်ကြီးများက ဋီကာကျမ်းစာအုပ်များကို ကွန်ပျူတာစာမူဖြင့် ဆောင်ရွက်ရာတွင် ဆဋ္ဌသင်္ဂါယနာတင် ဋီကာ ၂၆ အုပ်ကို ဦးစွာကွန်ပျူတာစာမူဖြင့် ဆောင်ရွက်သွားရန် နှင့် ကွန်ပျူတာစာစီမူ ဋီကာစာအုပ်များကို စိစစ်သည့် အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်၊ သီတဂူအပြည်ပြည်ဆိုင်ရာဝိပဿနာတက္ကသိုလ်၊ စာသင်တိုက်ကြီးများသို့ အမြန်ပေးပို့သွားရန်လိုအပ်ပါကြောင်း၊ သာသနာအတွက် အကျိုးများသော လုပ်ငန်းဖြစ်သဖြင့် ဆရာတော်များအနေဖြင့်လည်း စိတ်ရောကိုယ်ပါ အလေးထားဆောင်ရွက်သွား မည်ဖြစ်ကြောင်း မိန့်ကြားကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကြွရောက်လာကြသည့် ဆရာတော် သံဃာတော်များအား ရိုက်နှိပ်ပြီးသော အဋ္ဌကထာစာအုပ် ၂၇ အုပ်နှင့် သဗ္ဗဇေယျမင်္ဂလာပရိတ်တော် ကွန်ပျူတာစာမူများကို ရှင်းလင်းပြသပြီး ဆရာတော်ကြီးများ၏ မိန့်ကြားချက်များအပေါ် ပြန်လည်ရှင်းလင်းလျှောက်ထား ခဲ့ကြောင်း ဖော်ပြအပ်ပါသည်။
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန