ဆန်စက်များမှ ထွက်ရှိလာသော စပါးခွံများကို အလဟဿမဖြစ်စေဘဲ Gasifier များဖြင့် လျှပ်စစ်ဓာတ်အား ထုတ်ယူသုံးစွဲရမည်

ဆန်စက်များမှ ထွက်ရှိလာသော စပါးခွံများကို အလဟဿမဖြစ်စေဘဲ Gasifier များဖြင့် လျှပ်စစ်ဓာတ်အား ထုတ်ယူသုံးစွဲရမည်


Ministry of Information/ Naypyitaw / July 30, 2023
image_latest


နေပြည်တော် ဇူလိုင် ၂၉

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် တာဝန်ရှိသူများနှင့် အတူ ဇူလိုင် ၂၇ ရက်က ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ်နှင့် သနပ်ပင်မြို့နယ်တို့ရှိ Gasifier စက်ရုံများကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဦးစွာ ဒုတိယဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ်ရှိ စပါးခွံ Gasifier သုံး ရဲထွန်း ဆန်စက်သို့ ရောက်ရှိပြီး Gasifier စက်ရုံများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက တိုင်းဒေသကြီးအတွင်း အသုံးပြုလျက်ရှိသည့် Gasifier စက်ရုံများနှင့် စက်ရုံလည်ပတ်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် စက်ရုံအတွင်း လှည့်လည်ကြည့်ရှုပြီး ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ရင်းမြစ်များကို အကျိုးရှိစွာသုံးစွဲရန် လိုအပ်ကြောင်း၊ ဆန်စက်များမှ ထွက်ရှိလာသော စပါးခွံများကို အလဟဿမဖြစ်စေဘဲ Gasifier များဖြင့် လျှပ်စစ်ဓာတ်အား ထုတ်ယူသုံးစွဲရမည် ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ကောင်းမွန်သော နိုင်ငံ၏ ရေမြေသဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရန်နှင့် ကျန်းမာ‌ရေးဆိုးကျိုးများ မရှိစေရန် သတ်မှတ စံချိန်စံညွှန်းများနှင့်အညီ ဆောင် ရွက်သွားရန်လိုကြောင်း မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ် တော်ဝင်ဟင်္သာ ဆန်စက်သို့ ရောက်ရှိပြီး စပါးခွံလောင်စာသုံး Gasifier စက်ရုံနှင့် စပါးခွံလောင်စာတောင့် ပြုလုပ်နေ မှုကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်