ဆန်၊ စပါး၊ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းများ ပြည်တွင်းစာသုံးမှုဖူလုံရေး၊ တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ ပြည်ပဈေးကွက်များသို့ စဉ်ဆက်မပြတ် တင်ပို့နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ဆန်၊ စပါး၊ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းများ ပြည်တွင်းစာသုံးမှုဖူလုံရေး၊ တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ ပြည်ပဈေးကွက်များသို့ စဉ်ဆက်မပြတ် တင်ပို့နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ


Ministry of Information/ Naypyitaw / March 22, 2022
image_latest


နေပြည်တော် မတ် ၂၁

မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်သည့် ဆန်၊ စပါး၊ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းများ ပြည်တွင်း စားသုံးမှုဖူလုံရေး၊ တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ ပြည်ပဈေးကွက်များသို့ စဉ်ဆက်မပြတ်တင်ပို့နိုင်ရေး၊ ပြည်ပပို့ကုန်ဈေးနှုန်းမှန်ကန်ရေးနှင့် စနစ်တကျ ရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက မြန်မာနိုင်ငံ၏ အဓိကပို့ကုန်များ ဖြစ်သည့် လယ်ယာထွက်ကုန်သီးနှံများ ပြည်ပ တင်ပို့ရာတွင် ရသင့်ရထိုက်သည့် ဈေးနှုန်းများရရှိစေရေး၊ စိုက်ပျိုးထုတ်လုပ်သူ တောင်သူများနှင့် Supply Chain တစ်လျှောက်တွင် ပါဝင်လုပ်ကိုင် ဆောင်ရွက်နေကြသူအားလုံး သင့်တင့်မျှတသည့် အကျိုးအမြတ်များရရှိစေရေး၊ လယ်ယာထွက်ကုန် ပစ္စည်းများ စံချိန်စံညွှန်း ပြည့်မီစေရေး၊ ကုန်ဝယ်နိုင်ငံများမှ သတ်မှတ်ချက်များနှင့် ကိုက်ညီအောင် တင်ပို့ နိုင်ရေးတို့အတွက် သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များအနေဖြင့် ကဏ္ဍအလိုက်ပူးပေါင်းဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ အသင်းအဖွဲ့များအနေဖြင့် မိမိတို့အသင်းကို ပိုမိုအားကောင်း ခိုင်မာလာအောင် တည်ဆောက်ပြီး အသင်းသားများ၏အကျိုး၊ နိုင်ငံအကျိုးတို့ကို ဦးတည်ဆောင်ရွက်စေလိုပါကြောင်း၊ နိုင်ငံတော်မှ လိုအပ်သည့်ကဏ္ဍများအလိုက် ပံ့ပိုးကူညီဆောင်ရွက်ပေးရန် အသင့်ရှိကြောင်း ပြောကြား သည်။

ဆက်လက်၍ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု များမှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ တွဲဖက် အတွင်းရေးမှူး ဗိုလ်မှူးချုပ် ရန်နောင်စိုးက မြန်မာ နိုင်ငံမှ ပြည်ပသို့တင်ပို့ ရောင်းချလျက် ရှိသည့်လယ်ယာ ထွက်ကုန်များ၏ ဈေးနှုန်းများကို ဖြစ်သင့်ဖြစ်ထိုက် သည့်ဈေးနှုန်းများ ဖြစ်ပေါ်စေရေးအတွက် သက်ဆိုင်ရာ အသင်းအဖွဲ့များနှင့် လုပ်ငန်းရှင်များ ပူးပေါင်း ဆောင်ရွက်သွားရမည့် အခြေအနေများ၊ နိုင်ငံတော်မှ ရသင့်ရထိုက်သည့် အခွန်အခများရရှိစေရေး ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်း ဆွေးနွေးသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသူများက ဘဏ္ဍာနှစ်အလိုက် မြန်မာ့လယ်ယာ ထွက်ကုန်ပစ္စည်းများဖြစ်သည့် ဆန်စပါး၊ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းများ စိုက်ပျိုးထုတ်လုပ်မှုနှင့် ပြည်ပနိုင်ငံများသို့တင်ပို့နိုင်မှု၊ ပြည်ပနိုင်ငံများသို့ တင်ပို့ရာ၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများရရှိစေရေး၊ တန်ဖိုးမြှင့်ထုတ်ကုန် (Value Added)များ ပိုမိုတိုးမြှင့် တင်ပို့နိုင်ရေး၊ သက်ဆိုင်ရာ နိုင်ငံများ၏သီးနှံအရည် အသွေးသတ်မှတ်ချက်များနှင့် ကိုက်ညီအောင်တင်ပို့ နိုင်ရေး၊ နိုင်ငံ၏ စားသုံးဆီလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ပြည်တွင်း၌ ဆီထွက်သီးနှံများ ပိုမိုတိုးချဲ့ စိုက်ပျိုးထုတ်လုပ်သွားမည့် အစီအစဉ်များ၊ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ပုံမှန်ဖြစ်စေ ရေးအသင်းအဖွဲ့များမှ ဆွေးနွေးတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးသည်။

အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီတွဲဖက်အတွင်းရေးမှူး၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်၊ မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်း၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတို့မှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,