ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် သဘာဝဘေးဒဏ်သင့်ဒေသများရှိ ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများအား တပ်မတော်(လေ)ရှိ လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ဆက်လက်ပို့ဆောင်
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် သဘာဝဘေးဒဏ်သင့်ဒေသများရှိ ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများအား တပ်မတော်(လေ)ရှိ လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ဆက်လက်ပို့ဆောင်
Ministry of Information/ Naypyitaw / June 03, 2023

နေပြည်တော် ဇွန် ၂
တပ်မတော်အနေဖြင့် သဘာဝဘေးဒဏ်သင့်ဒေသများသို့ ကူညီကယ်ဆယ်ရေးအဖွဲ့များအား စုဖွဲ့စေလွှတ်၍ လိုအပ်သည့်ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် တပ်မတော် (ကြည်း၊ ရေ၊ လေ)မိသားစုများ၊ စေတနာရှင်အလှူရှင်များက လှူဒါန်းသည့် စားသောက် ဖွယ်ရာများ၊ ကူညီထောက်ပံ့ရေးပစ္စည်းများ၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီက ထောက်ပံ့ပေးအပ်သည့် ပစ္စည်းများကိုလည်း တပ်မတော်လေယာဉ်၊ ရဟတ် ယာဉ်များ၊ ရေယာဉ်များဖြင့် ကူညီပို့ဆောင်ပေးလျက်ရှိသည်။
ထိုသို့ ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် သဘာဝဘေးဒဏ်သင့် ဒေသများရှိ စာသင်ကျောင်းများ အတွက် ကျောင်းစိမ်းဝတ်စုံများ၊ ကျောင်းစာအုပ်များ၊ ဗလာစာအုပ် များ၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများ၊ စေတနာရှင် အလှူရှင်များက လှူဒါန်းသည့် ဘုန်းကြီးကျောင်းနှင့် သီလရှင် ကျောင်းများအတွက် လှူဖွယ်ပစ္စည်းများ၊ အခြေခံစားကုန် ဟင်းသီးဟင်းရွက်များနှင့် ကယ်ဆယ်ရေးပစ္စည်း ၄ ဒသမ ၃၆၄ တန်ကို တင်ဆောင်၍ ရန်ကုန် မြို့ရှိ မင်္ဂလာဒုံလေဆိပ်မှ စစ်တွေ လေဆိပ်သို့ လည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ပေးပို့သော စုစုပေါင်း ဆန်အိတ် ၃၂၀၊ ၁၆ တန်ကို မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ကလေးလေဆိပ်သို့ လည်းကောင်း တပ်မတော်(လေ) ရှိ လေယာဉ်များ ဖြင့် ပို့ဆောင်ပေးသည်။
သဘာဝဘေးဒဏ်သင့်ဒေသများရှိ ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းများကို တပ်မတော်(လေ)ရှိ လေယာဉ်/ရဟတ်ယာဉ်များဖြင့် အချိန်နှင့်တစ်ပြေးညီ ပို့ဆောင်ပေးလျက်ရှိရာ ယနေ့အချိန်ထိ ထောက်ပံ့ရေးပစ္စည်း ၄၄၇ ဒသမ ၂ တန်၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးကြမည့် တပ်မတော်သားများနှင့်ဌာန ဆိုင်ရာဝန်ထမ်း ၃၀၉၇ ဦးတို့အား ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း၊ လေဆိပ် များသို့ရောက်ရှိသည့် ကယ်ဆယ် ရေးပစ္စည်းများအား မုန်တိုင်းဒဏ် သင့်ဒေသများသို့ ရဟတ်ယာဉ်များဖြင့် ဆက်လက်ပေးပို့ ဖြန့်ဖြူးလျက်ရှိကြောင်းနှင့် အဆိုပါတပ်မတော်လေယာဉ်/ ရဟတ်ယာဉ်များဖြင့် ပို့ဆောင်ပေးလျက် ရှိသောပစ္စည်းများကို တာဝန်ရှိသူများက လက်ခံရယူပေးကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်