ဆီစက်လုပ်ငန်း ချေးငွေစိစစ်ကြီးကြပ်ရေးနှင့် စောင့်ကြည့်လေ့လာသုံးသပ်ရေးအဖွဲ့ ညှိနှိုင်းအစည်းအဝေးကျင်းပ

ဆီစက်လုပ်ငန်း ချေးငွေစိစစ်ကြီးကြပ်ရေးနှင့် စောင့်ကြည့်လေ့လာသုံးသပ်ရေးအဖွဲ့ ညှိနှိုင်းအစည်းအဝေးကျင်းပ


Ministry of Information/ Naypyitaw / November 09, 2023
image_latest


နေပြည်တော် နိုဝင်ဘာ ၈

ဆီစက်လုပ်ငန်းများ ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ချေးငွေစိစစ်ကြီးကြပ်ရေးနှင့် စောင့်ကြည့်လေ့လာသုံးသပ်ရေးအဖွဲ့၏ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် အဖွဲ့ခေါင်းဆောင်၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က ချေးငွေရယူထားသော ဆီစက်လုပ်ငန်းရှင်များက ချေးငွေကို ဆီစက်လုပ်ငန်းတွင် အမှန်တကယ်အသုံးချမှု ရှိ/မရှိ၊ ဆီစက်လည်ပတ်မှု ရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးရာ၌ အမှန်တကယ်အသုံးချပြီး လည်ပတ်မှုရှိသည်ကို တွေ့ရှိရသည့်အတွက် ချေးငွေများ ပြန်လည်ပေးဆပ်နိုင်မည်ဟုသုံးသပ်ရရှိကြောင်း၊ ချေးငွေရယူထားပြီးသော ဆီစက်လုပ်ငန်းရှင်များအတွက် လုပ်ငန်းအသုံးချမှု အစီရင်ခံစာများရေးဆွဲနိုင်ရေးနှင့်အဖွဲ့၏ နှစ်လတ်အစီရင်ခံစာ (Mid-term Report)နှင့် အပြီးသတ်အစီရင်ခံစာ (Final Report) များအတွက် အချက်အလက်များ ကြိုတင်ပြုစုထားရန်လိုကြောင်း၊ ထုတ်လုပ်မှုအပိုင်းတွင် မြေပြင်အခြေအနေမှန်နှင့် ဒေသအလိုက်လည်ပတ်မှုအခြေအနေများ သိရှိနိုင်ရေးနှင့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဖွဲ့စည်းထားသည့်အဖွဲ့များအနေဖြင့်လည်း လုပ်ငန်းရှင်များအား ဆက်လက်ကူညီနိုင်ရေး ကြီးကြပ်ဆောင်ရွက်ပေးရန်ဖြစ်ကြောင်း ဆွေးနွေးသည်။

ဆက်လက်၍ အဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပြီး အဖွဲ့ခေါင်းဆောင်၊ အမြဲတမ်းအတွင်းဝန်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်