ဇေယျာသီရိမြို့နယ် ရွာသစ်ကြီးကျေးရွာ၌ ကုန်ထုတ်လမ်းရိစာခင်းခြင်းလုပ်ငန်းပြီးစီးမှု စစ်ဆေး

ဇေယျာသီရိမြို့နယ် ရွာသစ်ကြီးကျေးရွာ၌ ကုန်ထုတ်လမ်းရိစာခင်းခြင်းလုပ်ငန်းပြီးစီးမှု စစ်ဆေး


Ministry of Cooperatives and Rural Development/ Naypyitaw / March 20, 2025
image_latest


ဇေယျာသီရိမြို့နယ်  ရွာသစ်ကြီးကျေးရွာ၌ ကုန်ထုတ်လမ်းရိစာခင်းခြင်းလုပ်ငန်းပြီးစီးမှု စစ်ဆေး

****************************************************************************

နေပြည်တော်    မတ်     ၂၀

          ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စုအထွေထွေပိုလျှံ ရန်ပုံငွေဖြင့် စည်ပင်ကြီးကျေးရွာအုပ်စု၊ ရွာသစ်ကြီးကျေးရွာ၌ ကုန်ထုတ်လမ်း ရိစာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဇေယျာသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးဇော်နှင့် တာဝန်ရှိသူများက ရပ်မိရပ်ဖများ၊ ကျေးရွာလမ်းဖြစ် မြောက်ရေး ကော်မတီဝင်များနှင့်အတူ ရွာသစ်ကြီးကျေးရွာ၌ အရှည် ၆ ဒသမ ၅၇၅ဖာလုံ၊ အကျယ် ၁၂ပေ၊ အမြင့် ကိုးလက်မရှိ ကုန်ထုတ်လမ်းရိစာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေ များကို ကြည့်ရှုစစ်ဆေးပြီး  မြို့နယ်ဦးစီးမှူးက လုပ်ငန်းများအား ရေရှည်တည်တံ့အောင် ပျက်စီးမှု မရှိအောင် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်သွားကြရန် မှာကြားသည်။

အဆိုပါ ကုန်ထုတ်လမ်းရိစာခင်းခြင်းလုပ်ငန်းကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စု အထွေထွေပိုလျှံရန်ပုံငွေကျပ် ၃၆  ဒသမ ၇သန်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယခုနှစ် ဇန်နဝါရီ ၁၇ရက်က စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ အားလုံးရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ဇေယျာသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးဇော်ထံမှ သိရသည်။

 

နော်လူး

HOT NEWS
January 4,