ညောင်ရွှေမြို့နယ်ရှိ သမဝါယမလုပ်ငန်းများဆောင်ရွက်နေမှု တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု
ညောင်ရွှေမြို့နယ်ရှိ သမဝါယမလုပ်ငန်းများဆောင်ရွက်နေမှု တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု
Ministry of Cooperatives and Rural Development/ Naypyitaw / March 26, 2024
ညောင်ရွှေ မတ် ၂၆
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် စိုက်ပျိုးကျေးရွာရှိ မြို့နယ်သမဝါယမအသင်းစုပိုင် စိုက်ပျိုးရေးခြံတွင် ဗေဒါသဘာဝမြေဩဇာထုတ်လုပ်ဖြန့်ဖြူးရောင်းချမှု၊ ဒေသနွားမွေးမြူထားရှိမှု နှင့် မြို့နယ်သမဝါယမအသင်းစုပိုင်ဆီစက်မှ စားသုံးဆီကြိတ်ခွဲနေမှုများကို ပြည်နယ်သမဝါယမ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်သည် တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး အမှုဆောင်များအား အသင်းလုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်အောင် အလေးထား ဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်သည် ညောင်ရွှေမြို့နယ်သမဝါယမဦးစီးဌာနရုံးခန်းမတွင် သမဝါယမဦးစီးဌာနဝန်ထမ်းများနှင့် တွေ့ဆုံပြီး သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။
