ညောင်လေးပင်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးသည့် မိုးစပါးများ ရိတ်သိမ်း
ညောင်လေးပင်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးသည့် မိုးစပါးများ ရိတ်သိမ်း
Ministry of Cooperatives and Rural Development/ Naypyitaw / December 08, 2023
ညောင်လေးပင် ဒီဇင်ဘာလ ၈
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်ရှိ သမဝါယမအသင်းများမှ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ရယူ၍ မိုးစပါးများ စိုက်ပျိုးခဲ့ရာ ယခုရိတ်သိမ်းချိန်၌ ရွှေပြည်သာလယ်ယာနှင့်အထွေထွေ စီးပွားရေးသမဝါယမအသင်းလီမိတက်၏ ဆင်းသုခ/ဗျော့ထွန်းမျိုးစပါးစိုက်ဧက ၁၇၆ မှ တစ်ဧကလျှင် ၇၂ တင်းနှုန်း၊ ရွှေပြည့်စုံစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်း၏ ဗျော့ထွန်းမျိုးစပါးစိုက်ဧက ၁၅၉ ဧကမှ တစ်ဧကလျှင် ၇၂ တင်းနှုန်း၊ သယာဖြိုးစိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေးသမဝါယမအသင်း၏ ဆင်းသုခစပါးစိုက်ဧက ၂၂၄ ဧကမှ တစ်ဧကလျှင် ၉၂ တင်းနှုန်း၊ သာယာတိုးစိုက်ပျိုးရေးနှင့်အထွေထွေ စီးပွားရေးသမဝါယမအသင်း၏ ဗျော့သုခမျိုးစပါးစိုက်ဧက ၂၆ ဧကမှ တစ်ဧကလျှင် ၆၉ တင်းနှုန်း ထွက်ရှိခဲ့သည်။
ထို့ပြင် မြို့မစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်း၏ ဆင်းသုခမျိုးစပါးစိုက်ဧက ၃၅ ဧကမှ တစ်ဧကလျှင် ၆၅ တင်းနှုန်း၊ အောင်မြန်မာမျိုးစေ့ထုတ်သမဝါယမအသင်း၏ ဆင်းသုခမျိုးစပါးစိုက်ဧက ၁၂၇ ဧကမှ တစ်ဧကလျှင် ၈၃ တင်းနှုန်း၊ ရဲနွယ်စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်း၏ GW-11 စပါးစိုက်ဧက ၁၀၀ မှ တစ်ဧကလျှင် ၆၄ တင်းနှင့် ဆင်းသုခမျိုးစပါးစိုက်ဧက ၉၉ ဧကမှ တစ်ဧကလျှင် ၇၃ တင်းနှုန်းဖြင့် အသီးသီး ထွက်ရှိခဲ့ကြောင်း သိရသည်။
