ညောင်လေးပင်မြို့နယ်တွင် ရေဖြူကန်-ချုံအင်း-ဒလဆိပ်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး

ညောင်လေးပင်မြို့နယ်တွင် ရေဖြူကန်-ချုံအင်း-ဒလဆိပ်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး


Ministry of Cooperatives and Rural Development/ Naypyitaw / March 07, 2024
image_latest


ညောင်လေးပင် မတ် ၆

           ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ညောင်လေးပင်မြို့နယ် ရေဖြူကန်-ချုံအင်း-ဒလဆိပ်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပဲခူးခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်ဆုလဲ့မွန်နှင့် တာဝန်ရှိသူများက ညောင်လေးပင်မြို့နယ် ရေဖြူကန်- ချုံအင်း-ဒလဆိပ်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး သက်ဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို လိုက်လံရှင်းလင်းပြသရာ လက်ထောက်ညွှန်ကြားရေးမှူးက လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

       ညောင်လေးပင်မြို့နယ်တွင် ရေဖြူကန်-ချုံအင်း-ဒလဆိပ်လမ်း အရှည် ခုနစ်ဖာလုံ၊ အကျယ် ၁၂ ပေ၊ အမြင့် ခုနစ်လက်မရှိ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၂၈၁ ဒသမ ၈၅၆ သန်းဖြင့် Rock Well International ကုမ္ပဏီက ၂၀၂၃ ခုနှစ် ဇွန် ၁၅ ရက်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်များ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း၊ အဆိုပါလမ်းကို ကွန်ကရစ်ခင်းပေးနိုင်မှုကြောင့် ဒေသခံပြည်သူများ  ရာသီမရွေး သွားလာအသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ ကျေးရွာများရှိ လယ်ယာမြေများမှ ထွက်ရှိသော စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများကို ကုန်ကျစရိတ်သက်သာစွာဈေးကွက်သို့ တင်ပို့ရောင်းချနိုင် မည်ဖြစ်ကြောင်း သိရသည်။

ကျော်ဇောဦး(မောရှမ်းမြေ)

HOT NEWS
January 4,